ချင်းပြည်နယ်မှာမိခင်သေဆုံးမှု(၁၆)ဦးရှိတဲ့ထဲမှာ ပလက်ဝမြို့နယ်မှာအများဆုံးဖြစ်

 

ချင်းပြည်နယ်မှာမိခင်သေဆုံးမှု(၁၆)ဦးရှိတဲ့ထဲမှာ ပလက်ဝမြို့နယ်မှာအများဆုံးဖြစ်
၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ ချင်းပြည်နယ်ရဲ့ မိခင်သေဆုံးမှုဟာ (၁၆)ဦးဖြစ်ပြီး ပလက်ဝမြို့နယ်မှာ(၇)ဦးသေဆုံးခဲ့ပါတယ်။
အများဆုံးသေဆုံးမှုက မွေးချိန်ကြာတာကြောင့်ဖြစ်ပြီး ယင်းကိစ္စဟာ ဆေးရုံးမှာမွေးရင်အသက်ကယ်နိုင်တဲ့ အရာဖြစ်တယ်လို့ ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရှာရွန်ပါရ်ကဆိုပါတယ်။
မိခင်သေဆုံးမှုဆိုတာ ကိုယ်ဝန်စတင်ဆောင်တဲ့ချိန်ကစပြီး ကလေးမွေးပြီး(၄၂)ရက်အတွင်းသေဆုံးတဲ့ မိခင်တွေကိုရည်ညွှန်းပါတယ်။ ၂၀၁၄ သန်ခေါင်စာရင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ချင်းပြည်နယ်ဟာ မိခင်သေဆုံးမှုအများဆုံးဖြစ်တဲ့နေရာဖြစ်ပါတယ်။
ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှာရွန်ပါရ်က “သေဆုံးရတဲ့အကြောင်းရင်းတွေကတော့ ချင်းပြည်နယ်မှာ လူဦးရေရဲ့(၈၀)ရာခိုင်နှုန်းကကျေးလက်ဒေသမှာနေကြတယ်။ အခု မိခင်သေဆုံးတဲ့ထဲမှာ ၇၅ ရာခိုင်နှုန်းက ကျေးရွာမှာနေထိုင်တဲ့သူတွေဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျေးလက်ကျန်းမာရေးနဲ့အလှမ်းဝေးတာရယ်၊ ကျေးလက်ကျန်းမာရေးဌာနမှာ သားဖွားခန်းရှိတာနည်းတာရယ်ဖြစ်တယ်။ ကလေးမွေးရင်း အနည်းဆုံး သားဖွားဆရာမနဲ့မွေးဖို့လိုတယ်။ ပြီးတော့ ကလေး (၄)ယောက်နဲ့အထက်မွေးပြီးတဲ့သူနဲ့ ကိုယ်ဝန်ဆောင်တဲ့ကာလ အားနည်းလို့ရှိရင် သွေးသွန်ဖို့အခွင့်အရေးပိုများတယ်။ မိခင်တစ်ယောက်သေဆုံးတာ တစ်မိသားစုလုံးထိခိုက်တယ်။ ကျမလည်း မိခင်တစ်ယောက်ဆိုတော့ မိခင်တစ်ယောက်ဆုံးသွားရင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာသိတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ စီမံကိန်းတွေချပြီး ဒါကိုဘယ်လိုကာကွယ်မလဲဆိုတာရေးဆွဲနေတယ်။ အရေးကြီးဆုံးက ကိုယ်ဝန်စဆောင်တဲ့ချိန်မှာ ဆေးရုံမှာ ကိုယ်ဝန်အပ်ဖို့လိုတယ်”လို့ပြောပါတယ်။
၂၀၁၈ ခုနှစ် ချင်းပြည်နယ်မှာ အရှင်မွေးစာရင်းက (၁၂၉၉၈)ဦးဖြစ်ပြီး
မိခင်သေဆုံးမှုစာရင်းမှာ ပလက်ဝတွင်(၇)ဦး၊ ဟားခါးတွင်(၃)ဦး၊ တီးတိန်တွင် (၄)ဦး၊ ထန်တလန် နဲ့ တွန်းဇံတွင်(၁)ဦးစီဖြစ်ပါတယ်။ ယင်းတို့ထဲတွင် မီးဖွားချိန်ကြာမြင့်လို့သေဆုံးတာ(၅)ဦး၊ မီးဖွားပြီးသွေးသွန်လို့သေဆုံးတာ(၄)ဦး၊ ကိုယ်ဝန်ပျက်ကျလို့သေဆုံးတာ တစ်ဦးသေဆုံးပြီး ၄၃ ရာခိုင်နှုန်းက အိမ်မှာ မီးဖွားရင်းသေဆုံးကြတာပါ။ ယင်းရာခိုနှုန်းမှာ အရှင်မွေး တစ်သိန်းမှာ (၁၂၃)ဦးသေဆုံးတဲ့အချိုးနဲ့ညီမျှပါတယ်။
၂၀၁၇ ခုနှစ်မှာမိခင်သေဆုံးမှု (၁၈)ဦးရှိပြီး ၂၀၁၆ ခုနှစ်မှာမိခင်သေဆုံးမှု (၂၂)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်