ချင်းပြည်နယ်တောင်ပိုင်းတွင် မနက်ဖြန် ကိုဗစ် ကာကွယ်ဆေးထိုးနိုင်မှာမဟုတ်သေး

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မရောက်နိုင်သေးတာကြောင့် မနက်ဖြန် ကာကွယ်ဆေးထိုးနိုင်မှာမဟုတ်ဘူးလို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှသတင်းရရှိပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှာရှာမ်ပါးရ်က “အခုတော့ ကျန်းမာရေးဝန်ထမ်းတွေပဲ ကာကွယ်ဆေးထိုးမှာပါ။ မြောက်ပိုင်း ၅ မြို့နယ်မှာတော့ ဆေးရောက်ပေမယ့် တောင်ပိုင်းမှာတော့ ဆေးမရောက်နိုင်သေးဘူး။ ဟားခါးမြို့နယ်မှတော့ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ရှိတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်း၊ဟားခါး၊ထန်တလန်၊တီးတိန်၊တွန်းဇံမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒီမနက် ကလေးမြို့လေဆိပ်က လူဦးရေ (၂၀၀၀)အတွက် သယ်ဆောင်ကြပါတယ်။

မင်းတပ်ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဇော်ဝင်းနိုင်က “မင်းတပ်မှာတော့ ကာကွယ်ဆေးမရောက်သေးဘူး။ လေဆိပ်ရှိတဲ့မြို့နယ်တွေပဲဆေးရောက်တယ်လို့သိရတယ်။ မနက်ဖြန် ရောက်ရင် တဖက်ခါမှာဆေးထိုးနိုင်မယ်” လို့ပြောပါတယ်။

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်၊ တိုင်း/ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်တွေလည်း ပြည်သူနဲ့အတူစတင်ထိုးနှံမှာဖြစ်ပြီး Stay at Home သတ်မှတ်တဲ့မြို့နယ်တွင်နေထိုင်တဲ့အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနဲ့ ရောဂါရရှိမှုလွယ်ကူတဲ့ အုပ်စုတွေကို ဦးစားပေး ထိုးနှံမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီညထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် ဘဏ္ဍာငွေဖြင့် COVISHIELD/ Astrazeneca ကာကွယ်ဆေး အကြိမ် (dose) အရေအတွက် သန်း (၃၀) ကိုဝယ်ယူထားပြီး ဒီနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ (၂)သန်းခန့် ကနဦးရောက်လာမှာဖြစ်ပါတယ်။ COVAX facility မှ ကာကွယ်ဆေးများဟာ မတ်လတွင် စတင်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေဟာ ဧပြီလတွင်လည်းကောင်း၊ လစဉ်အသုတ်လိုက်ဆက်လက်ရရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္ေတာင္ပိုင္းတြင္ မနက္ျဖန္ ကိုဗစ္ ကာကြယ္ေဆးထိုးႏိုင္မွာမဟုတ္ေသး

ခ်င္းျပည္နယ္ ေတာင္ပိုင္းၿမိဳ႕နယ္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး မေရာက္ႏိုင္ေသးတာေၾကာင့္ မနက္ျဖန္ ကာကြယ္ေဆးထိုးႏိုင္မွာမဟုတ္ဘူးလို႔ ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးထံမွသတင္းရရွိပါတယ္။

ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ ရွာရွာမ္ပါးရ္က “အခုေတာ့ က်န္းမာေရးဝန္ထမ္းေတြပဲ ကာကြယ္ေဆးထိုးမွာပါ။ ေျမာက္ပိုင္း ၅ ၿမိဳ႕နယ္မွာေတာ့ ေဆးေရာက္ေပမယ့္ ေတာင္ပိုင္းမွာေတာ့ ေဆးမေရာက္ႏိုင္ေသးဘူး။ ဟားခါးၿမိဳ႕နယ္မွေတာ့ က်န္းမာေရးဝန္ထမ္း ၅၀၀ ေက်ာ္ရွိတယ္” လို႔ေျပာပါတယ္။

ခ်င္းျပည္နယ္ ေျမာက္ပိုင္း ဖလမ္း၊ဟားခါး၊ထန္တလန္၊တီးတိန္၊တြန္းဇံၿမိဳ႕နယ္အတြက္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးကို ဒီမနက္ ကေလးၿမိဳ႕ေလဆိပ္က လူဦးေရ (၂၀၀၀)အတြက္ သယ္ေဆာင္ၾကပါတယ္။

မင္းတပ္ျပည္သူ႔ေဆး႐ုံအုပ္ေဒါက္တာေဇာ္ဝင္းႏိုင္က “မင္းတပ္မွာေတာ့ ကာကြယ္ေဆးမေရာက္ေသးဘူး။ ေလဆိပ္ရွိတဲ့ၿမိဳ႕နယ္ေတြပဲေဆးေရာက္တယ္လို႔သိရတယ္။ မနက္ျဖန္ ေရာက္ရင္ တဖက္ခါမွာေဆးထိုးႏိုင္မယ္” လုိ႔ေျပာပါတယ္။

ႏိုင္ငံတစ္ဝန္း ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံျခင္းကို ေဖေဖာ္ဝါရီလ (၅)ရက္ေန႔တြင္ စတင္ေဆာင္ရြက္မွာျဖစ္ပါတယ္။ ျပည္ေထာင္စုအဆင့္၊ တုိင္း/ျပည္နယ္အဆင့္အစိုးရအဖြဲ႔ဝင္ေတြလည္း ျပည္သူနဲ႔အတူစတင္ထိုးႏွံမွာျဖစ္ၿပီး Stay at Home သတ္မွတ္တဲ့ၿမိဳ႕နယ္တြင္ေနထုိင္တဲ့အသက္ၾကီးသူမ်ား၊ အျခားေရာဂါအခံရွိသူမ်ားနဲ႔ ေရာဂါရရွိမႈလြယ္ကူတဲ့ အုပ္စုေတြကို ဦးစားေပး ထုိးႏွံမွာျဖစ္တယ္လုိ႔ က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာနက ဒီညထုတ္ျပန္ထားပါတယ္။

ႏိုင္ငံေတာ္ ဘ႑ာေငြျဖင့္ COVISHIELD/ Astrazeneca ကာကြယ္ေဆး အၾကိမ္ (dose) အေရအတြက္ သန္း (၃၀) ကိုဝယ္ယူထားၿပီး ဒီႏွစ္ ေဖေဖာ္ဝါရီလ ပထမပတ္အတြင္း ကာကြယ္ေဆးအၾကိမ္ေရ (၂)သန္းခန္႔ ကနဦးေရာက္လာမွာျဖစ္ပါတယ္။ COVAX facility မွ ကာကြယ္ေဆးမ်ားဟာ မတ္လတြင္ စတင္၍လည္းေကာင္း၊ ႏိုင္ငံေတာ္ဘ႑ာေငြျဖင့္ ဝယ္ယူထားတဲ့ ကာကြယ္ေဆးေတြဟာ ဧၿပီလတြင္လည္းေကာင္း၊ လစဥ္အသုတ္လိုက္ဆက္လက္ရရွိမွာျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာနကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်