ချင်းပြည်နယ် ဝဥစိုက်တောင်သူတွေကို ကျပ်သိန်း ၁၆,၀၀၀ ထုတ်ချေးမယ်

၂၀၁၉၊ နိုဝင်ဘာလ (၂၄)
ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူတွေကို အစိုးရကစီစဉ်ပြီး ရင်းနှီးငွေ ကျပ်သိန်း ၁၆,၀၀၀ ကို ဒီဇင်ဘာလအတွင်းထုတ်ချေးနိုင်အောင် စီစဉ်နေတယ်လို့ ပြည်နယ်စည်ပင် ဝန်ကြီးဦးစိုးထက်ထံမှသတင်းရရှိပါတယ်။

ယင်းစီမံကိန်းကို နိုဝင်ဘာလ (၁၉)ရက်တွင်ကျင်းပတဲ့(၂၀)ကြိမ်မြောက် ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး တင်သွင်းပြီး နိုဝင်ဘာလ (၂၀)ရက်တွင် လွှတ်တော်မှာအတည်ပြုထားပါတယ်။

ချင်းပြည်နယ် မြို့နယ် (၉)မြို့နယ်မှ တစ်မြို့နယ်လျှင် ဧက (၁၀၀) သတ်မှတ်ပြီး တစ်ဧကတွင် (၁၅)သိန်း နှုန်းနဲ့ ဝဥစိုက်တောင်သူတွေကို ထုတ်ချေးမှာဖြစ်ပါတယ်။

ဒါ့ပြင် မင်းတပ်မြို့နယ်ရှိ ဝဥအခြောက်လှန်းစက်ဝယ်ယူရန် ကျပ်သိန်း (၂၀၀၀) နဲ့ တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းအစားထိုးသီးနှံအတွက် ကျပ်သိန်း (၁၅၀၀) ထပ်မံထုတ်ချေးလိုက်တဲ့တွက် ချေးငွေစုစုပေါင်း ကျပ်သိန်း (၁၆,၀၀၀) ထုတ်ချေးဖို့ရည်ရွယ်ထားပါတယ်။

ဝန်ကြီး ဦးစိုးထက်က “ ဝဥစိုက်တောင်သူတွေကို ရင်းနှီးငွေထုတ်ချေးဖို့ SME Bank နဲ့ JICA တို့ကိုညို့နှိုင်းထားပါတယ်။ SME ကတော့ တစ်နှစ်မှာ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းသတ်မှတ်ထားပြီးတော့ဆက်လက်ညို့နှိုင်းနေတုန်းပါ။ ချေးငွေသက်တမ်းကတော့ သုံးနှစ်ပေါ့။ JICA ကတော့ ညို့နှိုင်းလို့အဆင်ပြေရင် အတိုးနှုန်းက တစ်နှစ်ကို ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ချေးငွေသက်တမ်းကတော့ကြာတယ်။ တောင်သူတွေက ချေးငွေယူဖို့အပေါင်ပစ္စည်းတွေမလိုဘူး။ အဲ့ဒါတွေကို ဒီဇင်ဘာလအတွင်းမှာ ထုတ်ချေးနိုင်ဖို့ စီစဉ်နေပါတယ်။ တစ်ချို့တောင်သူတွေဆိုရင် တစ်ယောက်မှာ ဧက ၁၀၀ လောက်စိုက်ကြတယ်။ တစ်ဧက ကုန်ကျစရိတ်ကလည်းချေးငွေထက်ပိုများမယ်။ ဒါပေမယ့် ဒါက ပထမခြေလှမ်းပါ” လို့ပြောပါတယ်။

မင်းတပ်မြို့နယ်တွင် ဝဥအခြောက်လှန်းစက်ဝယ်ယူဖို့ ကျပ်သိန်း ၃၀၀၀ လိုအပ်နေပေမယ့် သိန်း ၂၀၀၀ သာချေးငွေရတဲ့တွက် ပြည်နယ်အစိုးရက သိန်း တစ်ထောင်ချေးပေးဖို့ စီစဉ်ထားတာပါ။ ဒါ့ပြင် တွန်းဇံမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံအတွက် ဝဥကိုစိုက်ချင်တဲ့တွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုသဖြင့် သိန်း ၁၅၀၀ ထပ်မံချေးပေးလိုက်တာပါလို့ ဝန်ကြီး ဦးစိုးထက်က ဆိုပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္ ဝဥစိုက္ေတာင္သူေတြကို က်ပ္သိန္း ၁၆,၀၀၀ ထုတ္ေခ်းမယ္

၂၀၁၉၊ ႏိုဝင္ဘာလ (၂၄)
ခ်င္းျပည္နယ္အတြင္းရွိ ဝဥစိုက္ေတာင္သူေတြကို အစိုးရကစီစဥ္ၿပီး ရင္းႏွီးေငြ က်ပ္သိန္း ၁၆,၀၀၀ ကို ဒီဇင္ဘာလအတြင္းထုတ္ေခ်းႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ ျပည္နယ္စည္ပင္ ဝန္ႀကီးဦးစိုးထက္ထံမွသတင္းရရွိပါတယ္။

ယင္းစီမံကိန္းကို ႏိုဝင္ဘာလ (၁၉)ရက္တြင္က်င္းပတဲ့(၂၀)ႀကိမ္ေျမာက္ ျပည္နယ္လႊတ္ေတာ္ပုံမွန္အစည္းအေဝး တင္သြင္းၿပီး ႏိုဝင္ဘာလ (၂၀)ရက္တြင္ လႊတ္ေတာ္မွာအတည္ျပဳထားပါတယ္။

ခ်င္းျပည္နယ္ ၿမိဳ႕နယ္ (၉)ၿမိဳ႕နယ္မွ တစ္ၿမိဳ႕နယ္လွ်င္ ဧက (၁၀၀) သတ္မွတ္ၿပီး တစ္ဧကတြင္ (၁၅)သိန္း ႏႈန္းနဲ႔ ဝဥစိုက္ေတာင္သူေတြကို ထုတ္ေခ်းမွာျဖစ္ပါတယ္။

ဒါ့ျပင္ မင္းတပ္ၿမိဳ႕နယ္ရွိ ဝဥအေျခာက္လွန္းစက္ဝယ္ယူရန္ က်ပ္သိန္း (၂၀၀၀) နဲ႔ တြန္းဇံၿမိဳ႕နယ္အတြင္းရွိ ဘိန္းအစားထိုးသီးႏွံအတြက္ က်ပ္သိန္း (၁၅၀၀) ထပ္မံထုတ္ေခ်းလိုက္တဲ့တြက္ ေခ်းေငြစုစုေပါင္း က်ပ္သိန္း (၁၆,၀၀၀) ထုတ္ေခ်းဖို႔ရည္႐ြယ္ထားပါတယ္။

ဝန္ႀကီး ဦးစိုးထက္က “ ဝဥစိုက္ေတာင္သူေတြကို ရင္းႏွီးေငြထုတ္ေခ်းဖို႔ SME Bank နဲ႔ JICA တို႔ကိုညိဳ႕ႏႈိင္းထားပါတယ္။ SME ကေတာ့ တစ္ႏွစ္မွာ အတိုးႏႈန္း ၁၃ ရာခိုင္ႏႈန္းကေန ၁၆ ရာခိုင္ႏႈန္းသတ္မွတ္ထားၿပီးေတာ့ဆက္လက္ညိဳ႕ႏႈိင္းေနတုန္းပါ။ ေခ်းေငြသက္တမ္းကေတာ့ သုံးႏွစ္ေပါ့။ JICA ကေတာ့ ညိဳ႕ႏႈိင္းလို႔အဆင္ေျပရင္ အတိုးႏႈန္းက တစ္ႏွစ္ကို ၈ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္ပါတယ္။ ေခ်းေငြသက္တမ္းကေတာ့ၾကာတယ္။ ေတာင္သူေတြက ေခ်းေငြယူဖို႔အေပါင္ပစၥည္းေတြမလိုဘူး။ အဲ့ဒါေတြကို ဒီဇင္ဘာလအတြင္းမွာ ထုတ္ေခ်းႏိုင္ဖို႔ စီစဥ္ေနပါတယ္။ တစ္ခ်ိဳ႕ေတာင္သူေတြဆိုရင္ တစ္ေယာက္မွာ ဧက ၁၀၀ ေလာက္စိုက္ၾကတယ္။ တစ္ဧက ကုန္က်စရိတ္ကလည္းေခ်းေငြထက္ပိုမ်ားမယ္။ ဒါေပမယ့္ ဒါက ပထမေျခလွမ္းပါ” လို႔ေျပာပါတယ္။

မင္းတပ္ၿမိဳ႕နယ္တြင္ ဝဥအေျခာက္လွန္းစက္ဝယ္ယူဖို႔ က်ပ္သိန္း ၃၀၀၀ လိုအပ္ေနေပမယ့္ သိန္း ၂၀၀၀ သာေခ်းေငြရတဲ့တြက္ ျပည္နယ္အစိုးရက သိန္း တစ္ေထာင္ေခ်းေပးဖို႔ စီစဥ္ထားတာပါ။ ဒါ့ျပင္ တြန္းဇံၿမိဳ႕နယ္တြင္ ဘိန္းအစားထိုးသီးႏွံအတြက္ ဝဥကိုစိုက္ခ်င္တဲ့တြက္ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေတာင္းဆိုသျဖင့္ သိန္း ၁၅၀၀ ထပ္မံေခ်းေပးလိုက္တာပါလို႔ ဝန္ႀကီး ဦးစိုးထက္က ဆိုပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်