စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆

Zalen

Zalen ad

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က အဲ့ဒီ ကလေး- တမူးလမ်းပိုင်းရှိ တော်လှန်ရေးအင်အားစုများ အခြေချထိန်းချူပ်ထားတဲ့ နန်မွန်းတားကျေးရွာကို အင်အားအလုံးအရင်းနဲ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

” တိုက်ပွဲက ဒီနေ့ထိပြင်းထန်နေဆဲပါ။ နန်းမွန်းတား၊ ခွမ်မွန်းနွံရွာ ရန်လင်းဖိုင်တော့ပါသွားပြီအခု ဝိတုတ်မှာ အပြန်အလှန်ပစ်ခတ်နေဆဲပါ။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး ပြည်သူတွေကတော့ရှောင်ကုန်ကြပြီ” လို့ ဒေသသတင်းအရင်းအမြစ် တဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့ ဇွန်လ ၄ရက်နေ့ကတည်းက စတင်ပြင်ဆင်နေတာ ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ စတင်ပြီးစစ်ကြောင်းထိုး  ထိုးစစ်ဆင်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။

စစ်ကောင်စီတပ်က သာလွန်အင်အားနဲ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၁ ရက်နေ့က ရန်လင်းဖိုင်အနီးရှိ တော်လှန်ရေးအင်အားစုများရဲ့ ရှေတန်းစခန်းငယ်တခု ဆုံရှုံးလိုက်ရတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်စစ်ကောင်စီရဲ့  အတုအယောင် ရွေးကောက်ပွဲမှာ မှာတက်လာတဲ့ အတုအယောင်သမ္မတ မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်အပြီးမှာ အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ရရှိရေးတွက်အခုလို အသည်းအသန်ကြိုးစားထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

သတင်း – S-P

ပုံစာ – အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) နယ်စပ် ကုန်သွယ်ရေးတံတားအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ အရှိန်မြှင့်နေတဲ့ ကလေးမြို့မှာ စစ်တပ်လူကြီးသားကို ဖမ်းမိတဲ့ အုပ်ချုပ်ရေးမှူး ပြန်အဖမ်းခံရ

ဇွန် ၁၆၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အရင်ကထက် သိသိသာသာ ပိုများလာနေပြီး အခြေအနေ ဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ပေါ်တာဆွဲတာတွေ အရှိန်မြှင့်နေတုန်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ...

ဆက်ဖတ်ရန်