စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့တမူးမြို့နယ် ထီးတိန်ယံကျေးရွာ စာသင်ကျောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

ဇွန် ၁၆၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး-တမူးလမ်းမပေါ်ရှိ ထီးတိန်ယံကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်ဘဲ ဒရုန်းနဲ့ ဗုံးတီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။

ယမန်နေ့ ဇွန်လ ၁၅ရက်နေ့က အဲဒီထီးတိန်ယံစာသင်ကျောင်းကို စစ်အုပ်စုက အခုလိုဒရုန်းနဲ့ ဗုံးသီး၁လုံးချပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအထိခိုက်မရှိဘူးလို့ဆိုပါတယ်။

” စစ်တပ်ကဒရုန်းနဲ့ ထီးတိန်ယံကျေးရွာ ဒရုန်းနဲ့ ဗုံးချတာဟုတ်ပါတယ်။ ဒရုန်းနဲ့ဗုံးချတာတစ်ကြိမ်ပါ။ ဗုံးသီးက တစ်လုံးလာချသွားတာပါ။ လူအထိအခိုက်တော့မရှိဘူး ဗုံးသီးက ကွင်းပြင်မှာကျတာ။ စာသင်ကျောင်းမှာလည်းလူမရှိဘူး” လို့ နီးစပ်သူတစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်အုပ်စုက စစ်ရေးတင်းမာနေတဲ့အချိန်မျိုးမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အများပြည်သူနေထိုင်တဲ့နေရာ၊ ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

အဆိုပါထီးတိန်ယံ ကျေးရွာဟာ တမူးမြို့တောင်ဘက် ကလေး-တမူးလမ်းမပေါ်မှာတည်ရှိနေတာဖြစ်ပြီး အဲဒီကလေး-တမူး လမ်းပိုင်းမှာ စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ရေးတင်းမာနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

သတင်း – S-P

နောက်ဆုံးရသတင်းများ

စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ အရှိန်မြှင့်နေတဲ့ ကလေးမြို့မှာ စစ်တပ်လူကြီးသားကို ဖမ်းမိတဲ့ အုပ်ချုပ်ရေးမှူး ပြန်အဖမ်းခံရ

ဇွန် ၁၆၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အရင်ကထက် သိသိသာသာ ပိုများလာနေပြီး အခြေအနေ ဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ပေါ်တာဆွဲတာတွေ အရှိန်မြှင့်နေတုန်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ...

ဆက်ဖတ်ရန်