စိတ်ဖောက်ပြန်တဲ့ဖခင်က ၁၀ နှစ်အရွယ်သမီးကိုဓားဖြစ်ခုတ်လို့ အပြင်းအထန်ဒဏ်ရာရ

\

စိတ်ဖောက်ပြန်တဲ့ဖခင်က ၁၀ နှစ်အရွယ်သမီးကိုဓားဖြစ်ခုတ်လို့ အပြင်းအထန်ဒဏ်ရာရ

ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင်နေထိုင်တဲ့ ဦးကျော်သိန်း(ခ)ဦးအောင်ယဒ်ဟာ စိတ်ဖောက်ပြန်တာကြောင့် သမီးအရင်းကို ဓားဖြစ်ခုတ်လို့ ဦးခေါင်တွင်နှစ်ချက်၊ လက်တွင် နှစ်နေရာမှာ ဒဏ်ရာရရှိသွားပါတယ်။

ဖြစ်စဉ်မှာ ဦးကျော်သိန်း(ခ)ဦးအောင်ယဒ်ဟာ မေလ ၅ ရက် နံနက် ၁၀ နာရီခန့်မှာ စိတ်ဖောက်ပြန်တာကြောင့် သမီးအရင်း ဖြစ်သူ မသီတာမေ အသက် (၁၀)နှစ်အား ဓါးဖြင့် ခုတ်ခဲ့တာကြောင့် ဦးခေါင်းနဲ့လက်တွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ ယခင်က ဦးအောင်ယဒ်ဟာ သာယာကုန်းအုပ်စု၊ကင်းသလင်းရွာတွင်နေထိုင်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ရက်နေ့က တိုက်ပွဲများကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံသို့ အေအေရဲ့ ခေါ်ဆောင်မှုခံနေရပါတယ်။ ထိုသို့အေအေ ၏ ထိန်းသိမ်းခံနေရစဉ် အမျိုးမျိုး အလုပ်ခိုင်းစေမှုများ ရှိနေခြင်း ကြောင်း မခံနိုင်၍ ဦးကျော်သိန်းနှင့်ဦးတနင်္လာ တို့နှစ်ဦးသည် ဝါးခုတ်သွားရင်း ထွက်ပြေးလွတ်မြောက် လာခဲ့ကာ မီးဇာရွာတွင် နေထိုင်ကြပါတယ်။ မိသားစုအချို့မှာ ယနေ့အချိန်ထိ အေအေ ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြဆဲဖြစ်ပါတယ်။ သမီးမသီတာမေ မှာ ကျောင်းတက်နေစဉ် မိသားစုနှင့်မပါမိပဲ မီးဇာကျေးရွာတွင် ကျန် ရစ်ခဲ့သည်။ ဦးကျော်သိန်းဟာ ထွက်ပြေးလွတ်မြောက်လာကာ သူ့သမီး ရှိရာ မီးဇာရွာသို့ရောက်ရှိစဉ်မှစ၍ စိတ်ဝေ ဒနာ စိတ်ဖောက်ပြန်ခြင်း ခံစားနေရသည် မေလ ၅ရက် နံနက် ၁၀နာရီကျော်အချိန် တွင် ကြောက်တယ်ကြောက်တယ်လို့ အော် ဟစ်ကာ သူ့သမီးအား ဓါးဖြင့်ခုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ခုချိန်မှာ ဦးကျော်သိန်းကို တရွန်အိုင် ရဲ စခန်း၌ထိန်းသိမ်းခဲ့ပြီး မသီတာမေမှာ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် ပလက်ဝဆေးရုံ ဆရာဝန်များက စစ်တွေသို့ ဆေးကုသမှုခံယူရန်စေလွတ်ခဲ့သည်။ ဒီနေ့ မနက် ၁၁ နာရီကျော်တွင် ပလက်ဝမြို့မှ စစ်တွေသို့ ရောက်ရှိကြပါတယ်။

ပလက်ဝမှ စစ်တွေထိလိုက်ပါပို့ဆောင်သူ ကင်းသလင်းကျေးရွာကျောင်း ဆရာအောင်လင်းဟွေ့က”ခေါင်းဘယ်ဘက်ခြမ်းမှာ သုံးလက်မလောက်အရှည်နဲ့ ဦးနှောက်အမျဉ်ပါးထိပေါ်နေတယ်။ ဦးခေါင်းညာဘက်ကတော့ သိပ်မပြင်းဘူး။ ပြီးတော့ ဘယ်ဘက် လက်သန်းပျက်သွားတယ်။ ညာဘက် လက်ကောက်ဝက်မှာလည်း မာဆာလ်တစ်ခုပျက်သွားတယ်ထင်တယ် လက်ကတစ်ဆစ်ဆစ်တုန်နေတယ်။ အခု စစ်တွေဆေးရုံမှာ လူနာစောင့် နှစ်ယောက်ကစောင့်နေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်