ဆူရ်ဘုန်(ဖလမ်း)လေယာဉ်ကွင်းတွင်တပ်ဆင်ထားတဲ့စက်များ လေယာဉ်ပျံသန်းပြီးစစ်ဆေးနေ

ဖလမ်းမြို့မှာတည်ဆောက်ထားသော ဆူရ်ဘုန်လေယာဉ်တွင်တပ်ဆင်ထားတဲ့ စက်များကို ဒီနေ့ကစပြီး ဇွန်လ (၂၇)ရက်ထိ လေယာဉ်နဲ့ စစ်ဆေးနေတယ်လို့ နိုင်ငံပိုင်သတင်းစာကဖော်ပြထားပါတယ်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက “ကျွန်တော်တို့ စမ်းသပ်စစ်ဆေး မှာကတော့ DVOR နဲ့ DME ဆိုတဲ့ လေကြောင်း လမ်းညွှန်စက်တွေကို စစ်ဆေးမယ်။ ဒီစက်ကိရိယာတွေကို လေယာဉ်ပျံသန်းပြီး လေထဲကနေ စစ်ဆေးမှာ ဖြစ်တယ်။ DVOR ဆိုတာက လေယာဉ်နဲ့ မြေပြင်ရဲ့ တည်နေရာကို ပြပေးတဲ့စက်ဖြစ်ပါတယ်။ ဒီစက်က လေယာဉ်ကွင်းတည်နေရာကို ပြပေးမယ်။ ပဲ့တင်သံလှိုင်းတွေနဲ့ တောင်တွေ ဘယ်နေရာမှာရှိတယ် ဆိုတာကို လေယာဉ်မှူးကို သတင်းပေးမယ်။ ဒီစက်က မိုင် ၅၀ ကနေ မိုင် ၁၅၀ အတွင်း တောင်အနိမ့်အမြင့်၊ ရာသီဥတုအခြေအနေ၊ တောင်အခြေအနေ၊ လမ်းကြောင်း မှန်မမှန်၊ တိမ်ထူ ထပ်မှုအခြေအနေနဲ့ ပြေးလမ်းတည်နေရာ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဒီစက်ကနေ Automatic System နဲ့ လေယာဉ်ကို ပို့ပေးမယ်။ ဒီစက်တွေ တကယ်အလုပ် လုပ်၊ မလုပ် လေယာဉ်ပျံသန်းပြီး စစ်ဆေးမယ်။ လေယာဉ်က လိုအပ်ရင်ဆင်းမယ်၊ မလိုအပ်ရင် မဆင်းပါဘူး” လို့ပြောပါတယ်။

ဆက်လက်ပြီး ဦးကျော်စိုးက “လေယာဉ်ကွင်း အကွာအဝေး ဘယ်လောက်ရှိနေတယ်၊ ဘယ်နှမိုင်လောက် ဝေးသေးတယ်၊ အမြင့် ဘယ်လောက်ရှိတယ် ဆိုတာကို အချက်ပြတဲ့စက်ကိုလည်း စမ်းသပ်စစ်ဆေးမယ်။ နောက် တစ်ခုက အလိုအလျောက် မိုးလေဝသတိုင်းတာရေး စက်ဖြစ်ပါတယ်။ ဒီစက်က လေတိုက်နှုန်း၊ လေတိုက်တဲ့ အရပ်ဒေသ၊ လေဖိအား၊ စိုထိုင်းဆ၊ အပူချိန်၊ မြင်ကွင်း ကြည်လင်မှုတွေ လေယာဉ် ကို တစ်ချိန်လုံး Automatic System နဲ့ ပို့ပေးနေမယ်။ အဲဒါတွေကို စစ်ဆေးမှာပါ။ တိကျ မှန်ကန်မှု ၁၀၀ ရာခိုင်နှုန်းရှိအောင် စစ်ဆေးမှာဖြစ်တယ်။ လေယာဉ်က ဒီကွင်းကိုသွားမယ် ဆိုရင် ဘယ်လိုသွားရမလဲ၊ ဘာတွေ လုပ်ရမလဲ၊ ဘာတွေအခက်အခဲရှိသလဲ ဆိုတာကို ပျံသန်းမှု အထောက်အကူ ပြုတဲ့စက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ ပျံသန်းမယ့်အရာတွေ ကိုက်ညီ၊ မကိုက်ညီကို လေယာဉ်နဲ့ လေထဲကနေ စစ်ဆေးမှာ ဖြစ်ပါတယ်။ ခုလုပ်မယ့်ဟာက flight check နဲ့ flight procedure ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဆူရ်ဘုန်လေယာဉ်ကွင်းမှာ တပ် ဆင်ထားတဲ့ စက်တွေကို Beek 2900 လေယာဉ်ဖြင့် စစ်ဆေးနေတာဖြစ်ပါတယ်။

ဆူရ်ဘုန် (ဖလမ်း) လေဆိပ်ကို ဖလမ်းမြို့နယ်ရှိ မြေဧက ၁၂၈၉ ဒသမ ၅ ဧကတွင် စီမံကိန်းကို ငွေကျပ် ၃၂ ဒသမ ၃၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၉ သန်း) အကုန် အကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဆူရ်ဘုန်လေယာဉ်ကွင်းကို ATR- 72 လေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်ရန်အတွက် လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ နဲ့တည်ဆောက်ထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်