တမူးမြို့မှာ ကိုယ်ထူကိုယ်ထနဲ့ဝယ်ထားတဲ့ သိန်း တစ်ထောင်ကျော်တန် အောက်ဆီဂျင်စက်ရောက်ပြီ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့ခံပြည်သူတွေနဲ့ ပြည်တွင်းပြည်ပကအလှူရှင်တွေလှူဒါန်းထားတဲ့ငွေနဲ့ ဝယ်ယူထားတဲ့ အောက်ဆီဂျင်စက်နဲ့ မီးစက်တစ်လုံး ယနေ့ စက်တင်ဘာ ၃ ရက်နေ့တွင်ရောက်ရှိလာပြီလို့ သတင်းရရှိပါတယ်။

ယင်းအောက်ဆီဂျင်စက်ဟာ တစ်ရက်မှာ ၄ဝလီတာ အလုံး ၂၀၀ ထုတ်လိုက်နိုင်မယ်လို့သိရပြီး တန်ဖိုးအားဖြင့် ဒေါ်လာ (၅၇,၀၀၀) ကျပ်သိန်း ၁၀၂၀ ကျော်ရှိပါတယ်။ မီးစက်ကို ဒေါ်လာ ၁၉,၀၀၀ (ကျပ် ၃၄၀) ကျော်နဲ့ဝယ်ယူထားပါတယ်။

တာဝန်ရှိသူတစ်ဦးက “အခု စက်ရုံအဆောက်အအုံဆောက်နေတယ်။ ၁၀ ရက်လောက်နေရင်ပြီးမယ်။ ပြီးတော့ အင်ဂျင်နီယာတွေခေါ်ပြီးတော့ စက်ဆင်ပေးမယ်။ နောက် ၂ ပတ်၊ ၃ ပတ်လောက်ဆိုရင်တော့ လည်ပတ်နိုင်မယ်ထင်တယ်” လို့ပြောပါတယ်။

လက်ရှိ တမူးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာသစ်နည်းပါးလာပေမယ့် ကုသနေဆဲလူနာ (၆) ဦး ရှိနေသေးတယ်လို့သိရတယ်။ တမူးမြို့နယ်တွင် ဇွန်လမှ သြဂုတ်လအထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၅၀ ကျော်ရှိပါတယ်။

(Zawgyi)

တမူးၿမိဳ႕မွာ ကိုယ္ထူကိုယ္ထနဲ႔ဝယ္ထားတဲ့ သိန္း တစ္ေထာင္ေက်ာ္တန္ ေအာက္ဆီဂ်င္စက္ေရာက္ၿပီ

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕မွာ ၿမိဳ႕ခံျပည္သူေတြနဲ႔ ျပည္တြင္းျပည္ပကအလႉရွင္ေတြလႉဒါန္းထားတဲ့ေငြနဲ႔ ဝယ္ယူထားတဲ့ ေအာက္ဆီဂ်င္စက္နဲ႔ မီးစက္တစ္လုံး ယေန႔ စက္တင္ဘာ ၃ ရက္ေန႔တြင္ေရာက္ရွိလာၿပီလို႔ သတင္းရရွိပါတယ္။

ယင္းေအာက္ဆီဂ်င္စက္ဟာ တစ္ရက္မွာ ၄ဝလီတာ အလုံး ၂၀၀ ထုတ္လိုက္နိုင္မယ္လို႔သိရၿပီး တန္ဖိုးအားျဖင့္ ေဒၚလာ (၅၇,၀၀၀) က်ပ္သိန္း ၁၀၂၀ ေက်ာ္ရွိပါတယ္။ မီးစက္ကို ေဒၚလာ ၁၉,၀၀၀ (က်ပ္ ၃၄၀) ေက်ာ္နဲ႔ဝယ္ယူထားပါတယ္။

တာဝန္ရွိသူတစ္ဦးက “အခု စက္႐ုံအေဆာက္အအုံေဆာက္ေနတယ္။ ၁၀ ရက္ေလာက္ေနရင္ၿပီးမယ္။ ၿပီးေတာ့ အင္ဂ်င္နီယာေတြေခၚၿပီးေတာ့ စက္ဆင္ေပးမယ္။ ေနာက္ ၂ ပတ္၊ ၃ ပတ္ေလာက္ဆိုရင္ေတာ့ လည္ပတ္နိုင္မယ္ထင္တယ္” လို႔ေျပာပါတယ္။

လက္ရွိ တမူးၿမိဳ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာသစ္နည္းပါးလာေပမယ့္ ကုသေနဆဲလူနာ (၆) ဦး ရွိေနေသးတယ္လို႔သိရတယ္။ တမူးၿမိဳ႕နယ္တြင္ ဇြန္လမွ ၾသဂုတ္လအထိ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၀ ေက်ာ္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်