တွန်းဇံမြို့နယ်မှာ ZRA က ရွာတွေထဲဝင်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး Starlink စက်တွေပါ ဖြုတ်သိမ်း

ဇူလိုင် ၄၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲမှာ ZRA အဖွဲ့ဟာ ရွာတွေထဲဝင်ပြီး ဒေသခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်ခတ်စားသောက်တာ၊ အိမ်တွေကို စီးနင်းလုယက်တာနဲ့ Starlink WiFi စက်တွေကို သိမ်းဆည်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂ ရက်နေ့တုန်းက တွန်းဇံက Muallum ရွာထဲကို ZRA တပ်ဖွဲ့ဝင်တွေ ၀င်လာပြီး ဒေသခံရွာသားတွေ မွေးထားတဲ့ ခွေး၊ ကြက်နဲ့ ဝက်တွေကို သေနတ်နဲ့ ပစ်သတ်ပြီး ချက်ပြုတ်စားသောက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် Muallum ရွာထဲက အင်တာနက် Starlink WiFi စက်တွေ၊ မော်တော်ကား တစီးနဲ့ ဆိုင်ကယ်တချို့ကိုပါ အဓမ္မ လုယူသွားကြပါတယ်။

Zalen ad

ကားအသိမ်းခံရတဲ့ အိမ်ပိုင်ရှင်ဆိုရင် အိမ်မှာရှိတဲ့ ဒီဇယ်နဲ့ ဓာတ်ဆီတွေကိုပါ အကုန်သွန်ပစ်ပြီး ဖျက်ဆီးသွားကြတာပါ။

ပြီးတော့ ဘိုးဘွားပိုင်မြေမှာ နေနေကြတဲ့ ရွာသားအိမ်ထောင်စု နှစ်စုကိုလည်း အိမ်ပေါ်ကနေ မောင်းချပြီး အိမ်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုယက်ယူသွားကြတယ်လို့ ဆိုပါတယ်။

မနေ့က ဇူလိုင် ၃ ရက်နေ့မှာလည်း ဒီ ZRA အဖွဲ့ဟာ Tuicinlui ရွာဘက်ကို ထပ်ဝင်သွားပြီး အဲဒီရွာက WiFi စက်တွေကိုပါ ထပ်ပြီး လုသွားပြန်ပါတယ်။

ZRA အဖွဲ့ဟာ Muallum ရွာမှာရှိနေတဲ့ ZNA အဖွဲ့ကို တိုက်ဖို့လာရင်းနဲ့ ရွာထဲမှာ အခုလို သောင်းကျန်းသွားတာလို့ ဒေသခံတွေက ပြောပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

” ရွာတွေထဲ၀င်ပြီး လုပ်ချင်တိုင်းလုပ်နေတာ၊ စတားလင့်ခ်တွေဖြုတ်သိမ်းတယ်၊ ၀က်တွေ၊ ကြက်တွေကို သေနတ်နဲ့ ပစ်သတ်ပြီးချက်စားတယ်။ အဆိုးဆုံးကတော့ လူတွေနေတဲ့အိမ်ကို လာပြီး အိမ်ပိုင်ရှင်တွေကို မောင်းချ၊ ပစ္စည်းတွေ အတင်းအဓမ္မယူသွားကြတာပဲ။ စစ်ကောင်စီနဲ့ ပေါင်းပြီးတဲ့ နောက်ပိုင်း ပိုပို ဆိုးလာတယ်။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက တွန်းဇံမြို့နယ်ထဲက ဖွီတုန် (Phuitong) ရွာကို ZRA-EC တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရွာမှာရှိတဲ့ စတားလင့်ခ် (Starlink) အင်တာနက်စက်တွေကို ဖြုတ်သိမ်းခဲ့ပြီး အဲဒီရွာမှာ စစ်ဘေးရှောင်ရင်း အိမ်ထောင်ကျပြီး နေထိုင်နေတဲ့ Gelmual ရွာသား ကိုထန်လန်ခုပ် (Pa Thang Lam Khup) ကို ဖမ်းဆီး နှိက်စက်သတ်ဖြတ်ခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်