တီးတိန် နဲ့ မံဆောင်းတံတားကြား ကားလမ်းမတ်စောက်သဖြင့် လမ်းအူကြောင်းအသစ်ရှာဖွေ

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းပေါ်မှာရှိတဲ့ တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာနဲ့ မံဆောင်းတံတားကြား ကားလမ်းအတက်အဆင်းမတ်စောက်သဖြင့် မကြာခဏ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် လမ်းအူကြောင်းအသစ် ရှာဖွေနေတယ်လို့ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင် က “ဒီလမ်းက ပြည်သူ့ကောင်စီခေတ်က လုပ်အားပေးနဲ့ ဖောက်ခဲ့တာ။ လမ်းအဟောင်းအတိုင်းပဲ လမ်းပြန်ချဲ့တာဆိုတော့ အတက်အဆင်းမတ်စောက်တော့ မိုးရာသီမှာ ယာဉ်မတော်တဆမှုတွေများတယ်။ အခု လမ်းအူကြောင်းအသစ်က လမ်းဟောင်းထက် ၆ မိုင်၊ ၇ မိုင်လောက်ပိုရှည်မယ်။ ဒါပေမယ့် လမ်းပြေပျက်ပြီးသွားလာရတာ ပိုအဆင်ပြေမယ်။ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လာတုန်းကလည်း တင်ပြထားတယ်။ အခု လမ်းအူကြောင်းလာတိုင်းတာက နေပြည်တော်က လမ်းဦးစီးဌာနကပါ။ အခုလည်းတိုင်းနေတုန်းပဲ” လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုက “ဘယ်အချိန်စလုပ်မယ်ဆိုတာမသိရသေးဘူး။ မြေပိုင်ရှင်တွေ နစ်နာကြေးတွေလည်းပေးရအုံးမယ်လေ။ အရင်တစ်ခါ ဘုန်းကြီးသေသွားတာလည်း ဒီလမ်းပေါ်မှာပဲ။ ဒီလမ်းပေါ် ယာဉ်မတော်တဆမှုကြောင့် လူအသေအပျောက်က တော်တော်များနေပြီ။ အဲ့ဒီသတင်းတွေအကုန်လုံးလည်း နေပြည်တော်က သိတော့ သူတို့မြန်မြန်အကောင်ထည်ဖော်ချင်တယ်။

လမ်ဇန်ကျေးရွာနဲ့ မံဆောင်းတံတားဟာ (၆)မိုင်ဝေးပြီး လမ်ဇန်ကျေးရွာမှ မဏီပူရမြစ်ကူးတံတား မံဆောင်းတံတားအထိ အဆင်းတွေသာဖြစ်ပြီး မံဆောင်းတံတားမှ ရိဘက်ကိုသွားတဲ့ လိုင်တွီးကျေးရွာအထိ အတက်လမ်းတွေသာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “ယာဉ် အန္တရာယ် ကတော့ နှစ်ဖက်လုံးပဲ။ လိုင်တွီးရွာဘက် ကနေ အဆင်း ဖောက်လုပ်မှုပုံစံက စနစ်မကျ လို့ အက်စီးဒင့် ခဏခဏဖြစ် ချောက်ထဲကျတယ်။ လမ်းဇန်ဘက် အဆင်းက ကွန်ကရစ် လမ်း မို့ မိုးရာသီ ဆို ကုန်ကားတွေ လျောဆင်း တတ်လို့ အရမ်း အန္တရာယ်များတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်