ထိုင်းနိုင်ငံတွင် အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်သောကြောင့် ရက်ပေါင်း ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံက အောက်လွှတ်တော်ကို မတ်လ ၂၀ ရက်နေ့မှာပဲ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်၊ ဒီလို လွှတ်တော် ဖျက်သိမ်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပရန် လမ်းပွင့်သွားပြီဖြစ်ပါတယ်။

အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူမည့် အစိုးရအဖွဲ့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့မှာပဲ တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။ ဘုရင်ရဲ့ တော်ဝင်ထုတ်ပြန်ချက်တွင် ယမန်နေ့မှာပဲ Royal Gazette ကနေ ထုတ်ပြန်ခဲ့ပြီး လွှတ်တော်ဖျက်သိမ်းကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ထိုထုတ်ပြန်ချက်ကို ဝန်ကြီးချုပ်ဖြစ်တဲ့ ပရာယွတ်ချန်အိုချာကလည်း လက်မှတ်ရေးထိုးခဲ့ပြီး ချက်ချင်း အကျုံးဝင်စေခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပရန် ရက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

သို့သော်လည်း ရွေးကောက်ပွဲကို လာမယ့် ရက်ပေါင်း ၄၅ ကနေ ၆၀ အတွင်း ပြုလုပ်ရမည်ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ဦးဆောင်သော အိမ်စောင့်အစိုးရဟာ ဗဟိုအစိုးရဖြစ်သော်လည်း အာဏာကို အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့် ရတော့မည်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဆာဝမ်းကတော့ ယမန်နေ့မှာပဲ ဒုဝန်ကြီးချုပ်ဖြစ်တဲ့ ဝါဆာနုခရီးယာငမ်နဲ့ တွေ့ဆုံခဲ့ပြီး အိမ်စောင့်အစိုးရအနေနဲ့ ဘာတွေလုပ်နိုင်ကြောင်းနှင့် ဘာတွေ လုပ်လို့မရကြောင်းကိုရှင်းပြခဲ့ကြောင်း ပြောပါတယ်။

သို့သော်လည်း ရွေးကောက်ပွဲကျင်းပနိုင်သော ရက်အတိအကျကိုတော့ ဒုဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ခြင်း မရှိသေးကြောင်း ဆာဝမ်းကတော့ ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ယနေ့ မတ် ၂၁ရက်နေ့တွင် ကျင်းပမည့် ကော်မီရှင်နာအစည်းအဝေးတွင် ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ဆိုပါတယ်။ ထိုင်းဘုရင်ရဲ့ တော်ဝင်ထုတ်ပြန်ချက်တွင်လည်း ရွေးကောက်ပွဲကျင်းပရမည့်ရက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း ဆိုပါတယ်။ အခြေခံဥပဒေအရ အစိုးရဟာ အမိန့်စာကိုသာ ထုတ်ပြန်နိုင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်ရမည်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်