မန္တလေးက ချင်းဓမ္မအမှုတော်ဆောင်တပါးကို အရပ်ဝတ်လက်နက်ကိုင်တချို့က နေအိမ်မှာလာရောက်ခေါ် ဆောင်သွား

မန္တလေးမြို့ ဖလမ်းနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်း (Rev. Thian Lian Sang)ကို ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က အရပ်ဝတ်လက်နက်ကိုင်တချို့က၄င်းနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားကြတယ်လို့မိသားစုဝင်တွေထံမှသတင်းရရှိပါတယ်။
၄င်းတို့အိမ်ရှေ့သို့ အိမ်စီးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးနဲ့လူ ၂၀ ခန့်ရောက်လာပြီး မေးစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားတာပါ။

သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်း ကတော်က “အရပ်ဝတ်နဲ့လူတယောက်အိမ်ရှေ့မှာလာပြီးတော့ ဆရာဆန်းရှိလာလို့မေးတယ်။ ကျမတို့လည်းရှိတယ်လို့ပြောလိုက်တယ်။ မေးစရာရှိလို့ မေးပြီးသွားရင် ပြန်လာပို့မယ်လို့ပြောတယ်။ ဘယ်စခန်း ဘယ်ကိုခေါ်သွားမလဲဆိုတာ မပြောကြဘူး။ သူတို့အားလုံးက Mask တပ်ပြီးတော့ သေနတ်တွေလည်းကိုင်ထားတယ်။ အိမ်ထဲက ဖုန်း ၅ လုံးကိုယူသွားကြတယ်။ နင်တို့လည်း ဘယ်မှမသွားကြနဲ့။ နင်တို့ကိုလည်းစောင့်ကြည့်နေတယ်လို့ကျမတို့ကိုပြောသွားတယ်” လို့ဆိုပါတယ်။

သိက္ခာတော်ရဆရာတော် သီယန်လျန်ဆန်းဟာ ကိုဗစ်တတိယလှိုင်းကာလမှာ မန္တလေးတွင် ကိုဗစ်လူနာတွေကို စေတနာ့ဝန်ထမ်းနဲ့ကူညီရေးမှာလည်း ပါဝင်ခဲ့ပါတယ်။

Zawgyi

မႏၱေလးက ခ်င္းဓမၼအမႈေတာ္ေဆာင္တပါးကို အရပ္ဝတ္လက္နက္ကိုင္တခ်ဳိ႕က ေနအိမ္မွာလာေရာက္ေခၚ ေဆာင္သြား

မႏၱေလးၿမိဳ႕ ဖလမ္းႏွစ္ျခင္းအသင္းေတာ္ သင္းအုပ္ဆရာ သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္း (Rev. Thian Lian Sang)ကို ဒီေန႔ စက္တင္ဘာ ၁၆ ရက္ မနက္ ၁၁ နာရီေလာက္က အရပ္ဝတ္လက္နက္ကိုင္တခ်ဳိ႕က၄င္းေနအိမ္ကေနလာေရာက္ေခၚေဆာင္သြားၾကတယ္လုိ႔မိသားစုဝင္ေတြထံမွသတင္းရရွိပါတယ္။

၄င္းတို႔အိမ္ေရွ႕သို႔ အိမ္စီးကား ၃ စီး၊ ဆုိင္ကယ္ ၃ စီးနဲ႔လူ ၂၀ ခန္႔ေရာက္လာၿပီး ေမးစရာရွိတယ္လုိ႔ဆိုကာ ေခၚေဆာင္သြားတာပါ။

သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္း ကေတာ္က “အရပ္ဝတ္နဲ႔လူတေယာက္အိမ္ေရွ႕မွာလာၿပီးေတာ့ ဆရာဆန္းရွိလာလုိ႔ေမးတယ္။ က်မတို႔လည္းရွိတယ္လုိ႔ေျပာလိုက္တယ္။ ေမးစရာရွိလို႔ ေမးၿပီးသြားရင္ ျပန္လာပို႔မယ္လုိ႔ေျပာတယ္။ ဘယ္စခန္း ဘယ္ကိုေခၚသြားမလဲဆိုတာ မေျပာၾကဘူး။ သူတို႔အားလံုးက Mask တပ္ၿပီးေတာ့ ေသနတ္ေတြလည္းကိုင္ထားတယ္။ အိမ္ထဲက ဖုန္း ၅ လံုးကိုယူသြားၾကတယ္။ နင္တုိ႔လည္း ဘယ္မွမသြားၾကနဲ႔။ နင္တို႔ကိုလည္းေစာင့္ၾကည့္ေနတယ္လို႔က်မတို႔ကိုေျပာသြားတယ္” လို႔ဆိုပါတယ္။

သိကၡာေတာ္ရဆရာေတာ္ သီယန္လ်န္ဆန္းဟာ ကိုဗစ္တတိယလိႈင္းကာလမွာ မႏၱေလးတြင္ ကိုဗစ္လူနာေတြကို  ေစတနာ့ဝန္ထမ္းနဲ႔ကူညီေရးမွာလည္း ပါဝင္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်