မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ၃ နာရီကျော်ကြာတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေတဲ့ မြန်မာပြည်ကလွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်နဲ့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုရမ်ထန်းငါတို့ဟာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၂ နာရီကနေ ၅ နာရီကျော်အထိ ပြည်နယ်အစိုးရရုံးမှာတွေ့ဆုံကြတယ်လို့သတင်းရရှိပါတယ်။

ယင်းတွေ့ဆုံပွဲသို့တက်ရောက်တဲ့ ကိုယ်စားလှယ်တစ်ယောက်က “မိသားစု ဆွေမျိုးသားချင်းဖြစ်တဲ့တွက်ကြောင့် ဘာမှ စိုးရိမ်ကြောင့်ကြမှုမရှိဘဲနေကြပါဆိုတာ အဓိကပြောတယ်။ မြန်မာပြည်ကလာတဲ့ သူတွေကိုလည်း သူတို့က အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ဖို့ကြိုးစားနေတယ်တဲ့” လို့ပြောပါတယ်။

ပြီးတော့ ကျနော်တို့ဘက်က ဒီတော်လှန်ရေးကာလက ဘယ်လောက်ထိကြာအုံးမလဲဆိုတာမသိရသေးတော့ အတတ်နိုင်ဆုံးဆက်လက်ကူညီပေးဖို့တောင်းဆိုတယ်။ အရင်က ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိနဲ့ မြန်မာပြည်က အမတ်တွေတွေ့တဲ့ချိန်မှာ ကျေးဇူးတင်စကားပြောချင်တယ်ဆိုတဲ့အကြောင်းပြောတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့်မတွေ့နိုင်ဘူးလို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အိန္ဒိယဗဟိုအစိုးရထံ မြန်မာစစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး ကူညီဖို့နဲ့ စစ်ဘေးရှောင်တွေလက်ခံပေးဖို့ တစိုက်မတ်မတ်တိုက်တွန်းနှိုးဆော်ကြပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် တစ်သောင်းခွဲရှိပြီး နယ်စပ်ကျေးရွာ ၁၁ ရွာတွင် စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ မီဇိုရမ်ပြည်သူများက ကာကွယ်စောင့်ရှောက်ကာ ထောက်ပံ့ကူညီလျက်ရှိပါတယ်။

Zawgyi

မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၃ နာရီေက်ာ္ၾကာေတြ႕ဆုံ

အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္သို႔ ခိုလုံေနတဲ့ ျမန္မာျပည္ကလႊတ္ေတာ္ကိုယ္စားလွယ္ ၂၀ ေက်ာ္နဲ႔ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုရမ္ထန္းငါတို႔ဟာ ဒီဇင္ဘာ ၁၃ ရက္ ညေန ၂ နာရီကေန ၅ နာရီေက်ာ္အထိ ျပည္နယ္အစိုးရ႐ုံးမွာေတြ႕ဆုံၾကတယ္လို႔သတင္းရရွိပါတယ္။

ယင္းေတြ႔ဆံုပြဲသို႔တက္ေရာက္တဲ့ ကုိယ္စားလွယ္တစ္ေယာက္က “မိသားစု ေဆြမ်ဳိးသားခ်င္းျဖစ္တဲ့တြက္ေၾကာင့္ ဘာမွ စိုးရိမ္ေၾကာင့္ၾကမႈမရွိဘဲေနၾကပါဆိုတာ အဓိကေျပာတယ္။ ျမန္မာျပည္ကလာတဲ့ သူေတြကိုလည္း သူတို႔က အတတ္ႏိုင္ဆံုးကူညီေစာင့္ေရွာက္ဖုိ႔ၾကိဳးစားေနတယ္တဲ့” လို႔ေျပာပါတယ္။

ၿပီးေတာ့ က်ေနာ္တို႔ဘက္က ဒီေတာ္လွန္ေရးကာလက ဘယ္ေလာက္ထိၾကာအံုးမလဲဆိုတာမသိရေသးေတာ့ အတတ္ႏိုင္ဆံုးဆက္လက္ကူညီေပးဖို႔ေတာင္းဆိုတယ္။ အရင္က ဝန္ၾကီးခ်ဳပ္ရဲ႕ကိုယ္ေရးအရာရွိနဲ႔ ျမန္မာျပည္က အမတ္ေတြေတြ႔တဲ့ခ်ိန္မွာ ေက်းဇူးတင္စကားေျပာခ်င္တယ္ဆိုတဲ့အေၾကာင္းေျပာတယ္။ ဒါေပမယ့္ ကိုဗစ္ေၾကာင့္မေတြ႔ႏိုင္ဘူးလို႔ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္အစိုးရနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ အိႏိၵယဗဟိုအစိုးရထံ ျမန္မာစစ္ေဘးေရွာင္အေရးနဲ႔ပတ္သက္ၿပီး ကူညီဖုိ႔နဲ႔ စစ္ေဘးေရွာင္ေတြလက္ခံေပးဖို႔ တစိုက္မတ္မတ္တိုက္တြန္းႏႈိးေဆာ္ၾကပါတယ္။

လက္ရွိ မီဇိုရမ္ျပည္နယ္တြင္ ျမန္မာစစ္ေဘးေရွာင္ တစ္ေသာင္းခြဲရွိၿပီး နယ္စပ္ေက်းရြာ ၁၁ ရြာတြင္ စစ္ေဘးေရွာင္စခန္းမ်ားဖြင့္လွစ္ကာ မီဇိုရမ္ျပည္သူမ်ားက ကာကြယ္ေစာင့္ေရွာက္ကာ ေထာက္ပံ့ကူညီလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်