ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံသော အော်ထဒေါ့စ်ဂိုဏ်းခရစ်ယာန်များကို ပူတင်ချီးကျူး

၂၀၂၃၊ ဇန်နဝါရီ (၇)
ပူတင်ရဲ့ ခေတ်သစ်ရုရှားရည်မှန်းချက် နဲ့ပတ်သက်ပြီး အော်ထဒေါ့စ်ဂိုဏ်း (orthodox)များ ကျင်းပသော ခရစ္စမတ်တွင် မိန့်ခွန်းပြောခဲ့ရာ ၎င်းရဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံနေသော ရုရှားအော်ထဒေါ့စ်အသင်းတော်များကို ပူတင်က ဒီကနေ့တွင် ချီးကျူးမှုများ လုပ်ခဲ့ပါတယ်။

ပူတင်ဟာ အများပြည်သူနဲ့အတူတူ ခရစ္စမတ်ပွဲကို ကျင်းပခြင်းမရှိပဲ ဂရင်းလင်းရှိ ဘုရားကျောင်းကြီးတစ်ခုတွင် အော်ထဒေါ့စ်ခရစ္စမတ်အကြိုပွဲက ဝတ်ပြုအစည်းအဝေးကို တက်ရောက်ခဲ့ကာ အမှာစကားပြောခဲ့ရာတွင် ဒီလို ပြောခဲ့ခြင်းဖြစ်ကြောင်း ရုရားအစိုးရက ထုတ်ပြန်ထားပါတယ်။

ပူတင်ဟာ ယူကရိန်းအရေးနှင့် အခြားအရေးနဲ့ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများအကြား သဘောထားများ ကွဲလွဲနေချိန်တွင် ရုရှားအော်ထဒေါ့စ်အသင်းတော်ကို အရေးကြီးသော အဖွဲ့အစည်းအဖြစ် သတ်မှတ်နေကြောင်းကို ပြသနေတာဖြစ်ပါတယ်။

“ရုရှားအော်ထဒေါ့စ်အသင်းတော်နှင့် အခြားသော ခရစ်ယာန်ဂိုဏ်းများဟာ စည်းလုံးမှုအတွက် ကြီးမားစွာ ထောက်ပံ့ပေးခြင်းဟာ အလွန်ပဲ ဝမ်းသာစရာ ကောင်းပါတယ်၊ ဒါတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းဆိုင်ရာ အတိတ်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ လူငယ်များကို အသိပညာပေးခြင်းနှင့် မိသားစုကိုလည်း ခိုင်မာလာအောင် ဆောက်ရွက်ခြင်းဖြစ်တယ်” ဟု ပူတင်က ပြောပါတယ်။

“အသင်းတော်ဆိုင်ရာ အဖွဲ့အစည်းများဟာ ယူကရိန်းတွင် အထူးစစ်ဆင်ရေး ပြုလုပ်နေသော ကျွန်တော်တို့ရဲ့ စစ်သည်တော်များ ထောက်ခံခြင်းကို အလေးထားလာကြတယ်။ ဒီလို ကြီးမားပြီး ရှုပ်ထွေးကာ ကိုယ်ကျိူးကို ပနာမမထားပဲလုပ် ထောက်ခံခြင်းဟာ ရိုးရှင်းသော လေးစားမှုနဲ့ ထိုက်တန်တယ်” ဟု ပူတင်က ပြောခဲ့ပါတယ်။

သောကြာနေ့တုန်းက ပူတင်ဟာ ၃၆ နာရီအပစ်ခတ်ရပ်စဲရန် အမိန့်ပေးခဲ့သော်လည်း ယူကရိန်းကတော့ ဒါဟာ ပူတင်၏ သူ့ရဲ့ စစ်တပ်ကို ပြန်လည်နေရာချရန် အချိန်ဆွဲလိုခြင်းဖြစ်ကြောင်းဆိုကာ ထိုကြေညာချက်ပြီးနောက် ယူကရိန်းဟာ လက်နက်ကြီးများကို ပစ်ခတ်ခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် အော်ထဒေါ့စ်ခရစ်ယာန်ပေါင်း ၂၆၀ သန်း ခန့်ရှိရာတွင် ထိုထဲက သန်း ၁၀၀ ခန့်ဟာ ရုရှားနိုင်ငံကဖြစ်ပြီး အခြားနိုင်ငံက အော်ထဒေါ့စ်တစ်ချို့ဟကလည်း ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံနေကြပါတယ်။ ယူကရိန်းနိုင်ငံတွင်လည်း အော်ထဒေါ့စ် သန်း ၃၀ ခန့်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပြည်သူ၊ အခွန်နဲ့ တော်လှန်ရေး

Khaisa ရေးသည်။ ဘာကြောင့် တော်လှန်ရေးလုပ်သလဲဆိုတဲ့ မေးခွန်းအောက်မှာ အဓိကကျတဲ့ ဖြေရှင်းချက်တွေကတော့ ၁။ တိုင်းပြည်ထူထောင်ရေး ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ၃။ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေး ၄။ ပင်ကိုယ်အမျိုးသားရေးစုစည်းရေး ၅။ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး ၆။ အမျိုးသားရေး၊ နိုင်ငံရေးအရ ...

ဆက်ဖတ်ရန်