ဝေလမင်းသားထောက်ပံ့ကူညီခဲ့တဲ့ သိန်း (၁၅၀၀)ကျော်ဖိုး ဆေးဝါးများ ချင်းပြည်နယ်သို့ရောက်ပြီ

အင်္ဂလန်ပြည်ရှင် ဘုရင်မရဲ့သားတော် ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့အဖွဲ့က ထောက်ပံ့ခဲ့တဲ့ အမေရိကန်ဒေါ်လာ (၁၁၉,၁၂၁ ဒသမ ၆၈) (မြန်မာငွေ သိန်း ၁၇၈၀ ကျော်)တန်ဖိုး ဆေးဝါးနဲ့ ဆေးဝါးပစ္စည်းများဟာ မတူပီမြို့နယ် လိုင်လင်းပီမြို့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်က ရောက်ရှိနေပြီလို့သတင်းရရှိပါတယ်။

ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့ International Health Partners UK က Health and Hope Myanmar ထံလှူဒါန်းထားတာဖြစ်ပြီး Health and Hope Myanmar က ၎င်းအဖွဲ့ရဲ့ဧရိယာတွေမှာ ထပ်မံဖြန့်ချီမှာဖြစ်ပါတယ်။

Health and Hope Myanmar အဖွဲ့ရဲ့ ဧရိယာတွင် မင်းတပ်၊ မတူပီ၊ ဆမီး၊ ထန်တလန်၊ ဟားခါး၊ ပလက်ဝ၊ ရခိုင်ပြည်နယ်တစ်ချို့ဒေသတွေပါဝင်ပါတယ်။

Help and Hope Myanmar စီမံကိန်းဒါရိုက်တာ ဒေါက်တာ Bei Cho Tha က “ဒီလကစပြီး ကျနော်တို့အဖွဲ့ ကျန်းမာရေးလုပ်သားတွေရှိတဲ့ ကျေးရွာတွေကို ထပ်ဖြန့်ချီမယ်။ မဖြန့်ချီနိုင်တဲ့ကျေးရွာတွေကို မတ်လမှာ ကျန်းမာရေးလုပ်သားတွေသင်တန်းရှိတော့ သူတို့အကုန်လုံးလာမယ် အဲ့ချိန်မှာ ထပ်ပေးဖို့ရှိပါတယ်။ ပြီးတော့ မတူပီဆေးရုံ၊ ဟားခါးဆေးရုံ နဲ့ လိုင်လင်းပီတိုက်နယ်ဆေးခန်းတွေကိုလည်း ဆေးဝါးတွေလှူမယ်။ ရခိုင်ပြည်နယ်ကိုတော့ လုံခြုံရေးကြောင့် ဝင်လို့မရဘူးဆိုတော့ လှူနိုင်မှာမဟုတ်ဘူး။ အဓိကတော့ အခြေခံဆေးဝါးတွေပိုများတယ်။ သောက်ဆေးတွေပေါ့” လို့ပြောပါတယ်။

၂၀၀၇ ခုနှစ်တွင် မတူပီမြို့နယ် လိုင်လင်ပီးမြို့နဲ့အနီးတဝိုက်တွင် ကြွက်များက တောင်ယာစိုက်ခင်းများကိုအကုန်ဖျက်ဆီးခဲ့တာကြောင့် ပြည်သူများ အစာရေစာပျက်လစ်ပြီး အဟာရချို့တဲ့နေတဲ့အချိန်တွင် ဒေါက်တာ ဆာဆာက International Health Partners UK ထံအကူအညီတောင်းရာမှ အဆက်အသွယ်ရရှိခဲ့ကြပါတယ်။

ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့ International Health Partners UK က Health and Hope Myanmar ထံအခုလိုမျိုးဆေးဝါးတွေ ကူညီလာခဲ့တာ (၇)ကြိမ်ရှိပါပြီ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်