ဖလမ်းမြို့အနီး မဏီပူရမြစ်ထဲမှာ ကလေး(၃)ယောက် ရေနစ်သေဆုံး

 

ဖလမ်းမြို့အနီး မဏီပူရမြစ်ထဲမှာ ကလေး(၃)ယောက် ရေနစ်သေဆုံး

ဖလမ်းမြို့အနီးရှိ မဏီပူရမြစ် ဗာရ်းတံတားအနီးမှာ ကလေး (၃)ယောက်ဟာ ဒီနေ့ နံနက် ၁၀နာရီခွဲမှာ ရေနစ်သေဆုံးမှုဖြစ်ပွားပါသည်။

ဖြစ်စဉ်မှာ ဖလမ်းမြို့ စာသင်ဝိုင်းတစ်ခုမှ ကလေးများနွေရာသီအင်္ဂလိပ်စာသင်တန်းပြီးဆုံးတဲ့နေ့မှာ ကျောင်းသူ၊သား (၂၉)ယောက် တို့သည် မဏီပူရမြစ်သို့သွားရောက်ပြီး ရေတိမ်တဲ့နေရာမှာရေကူးကြပါသည်။ သို့သော်လည်း ၎င်းတို့သုံးယောက်ဟာ မတော်တဆ ချော်လဲပြီးရေနစ်တဲ့နေရာသို့ရောက်သွားကာ ရေနစ်သေဆုံးကြခြင်းဖြစ်ပါတယ်။

ရေနစ်သေဆုံးသည့် ကလေး သုံးယောက်ဟာ အသက် (၉)နှစ်မှ (၁၂)နှစ်ကြား အသက်အရွယ်တွေဖြစ်ကြပါသည်။ ရေနစ်သေဆုံးသွားတဲ့ကလေးတွေကတော့ ဆလိုင်းဂျိုအယ်ငွန်ထားထွန်(ဘ)ဦးအုပ်ဟရဲ၊ ဆလိုင်းနေလျန်ဆန်(ဘ)ဦးဆန်ပြန်၊ နှင့် ဆလိုင်း လာလ်ထာကိမ်းတို့ဖြစ်ပါတယ်။

ဖလမ်းမြို့ ကြက်ခြေနီအသင်းမှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆလိုင်းသွပ်ဆန်က “ကျနော် ၁၂ နာရီခွဲမှာရောက်သွားတော့ ကလေး နှစ်ယောက်ရဲ့အလောင်းကို ဆယ်နေကြပြီ။ ကျန်တဲ့တစ်ယောက်ကတော့ ညနေ ၃ နာရီလောက်မှာ အလောင်းပြန်တွေ့ကြတယ်။ အလောင်းတွေကလည်း သူတို့ရေကူးတဲ့နေရာကနေ (၁၅) ပေ၊ ပေ (၂၀)လောက်အကွာမှာပဲပြန်တွေ့တာ။ တစ်ယောက်ဆို ပေ (၁၀၀)အကွာမှာတွေ့တယ်။ သူတို့ ရေနစ်သွားတဲ့နေရာက ဗားရ်တံတားအရှေ့ဘက်မှာပါ။ အဲ့နေရာက နာမည်ကြီးတယ်။ ရေနစ်သေတဲ့သူတွေလည်း မနည်းတော့ဘူး” လို့ပြောပါတယ်။

 

နောက်ဆုံးရသတင်းများ

ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ...

ဆက်ဖတ်ရန်