စစ်တပ်ပင်စင် ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီက အထွေထွေအတွင်းရေးမှူးကို စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးခန့်အပ်

စစ်တပ်ကနေပင်စင်ယူတဲ့ ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ၏ အတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ကျော်သည် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးခန့်အပ်ကြောင်း သိရသည်။

၎င်းသည် ဟုမ္မလင်းမြို့နယ် ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့စစ်တပ်ထဲသို့ဝင်ရောက်ခဲ့ပြီး ခြေလျင်တပ်စုမှူး ၊ တပ်ခွဲမှူးတာဝန်များ နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးချုပ်တွင် စစ်ဥပဒေအရာရှိ စသည့်တာဝန်များထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဆေးပင်စင်ရယူပြီးနောက် ဟုမ္မလင်းမြို့နယ်အတွင်း ပါရမီလူမှုကူညီရေးအသင်း ၊ သီတဂူစက္ခုဒါနဆေးရုံတော် ၊ချင်းတွင်းဥရု ရှမ်းနီလူငယ်များကွန်ရက် စသည်တို့တွင်ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

ဦးစိုင်းနိုင်နိုင်ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် အမှတ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည်။

ယခု Covid19 ရောဂါပိုးကုသကာကွယ်ရေးလုပ်ငန်းများတွင်လည်း ဟုမ္မလင်းမြို့နယ်၌ ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်နေကြောင်းသိရသည်။
Credit: The Voice of Shan-Ni

(Zawgyi)
စစ္တပ္ပင္စင္ ရွမ္းနီ(တိုင္းလွ်န္) ေသြးစည္းညီၫြတ္ေရးပါတီက အေထြေထြအတြင္းေရးမႉးကို စစ္ကိုင္းတိုင္း တိုင္းရင္းသားေရးရာဝန္ႀကီးခန္႔အပ္

စစ္တပ္ကေနပင္စင္ယူတဲ့ ရွမ္းနီ(တိုင္းလွ်န္) ေသြးစည္းညီၫြတ္ေရးပါတီ (SSP) ၏ အတြင္းေရးမႉး ဦးစိုင္းႏိုင္ႏိုင္ေက်ာ္သည္ စစ္ေကာင္စီ၏ အိမ္ေစာင့္အစိုးရတြင္ စစ္ကိုင္းတိုင္းေဒသႀကီး တိုင္းရင္းသားေရးရာဝန္ႀကီးခန္႔အပ္ေၾကာင္း သိရသည္။

၎သည္ ဟုမၼလင္းၿမိဳ႕နယ္ ဇာတိျဖစ္ၿပီး ၁၉၉၅ ခုႏွစ္တြင္ ျမန္မာ့စစ္တပ္ထဲသို႔ဝင္ေရာက္ခဲ့ၿပီး ေျခလ်င္တပ္စုမႉး ၊ တပ္ခြဲမႉးတာဝန္မ်ား ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန စစ္ဥပေဒ႐ုံးခ်ဳပ္တြင္ စစ္ဥပေဒအရာရွိ စသည့္တာဝန္မ်ားထမ္းေဆာင္ခဲ့သူျဖစ္သည္။

၂၀၀၁ ခုႏွစ္တြင္ ေဆးပင္စင္ရယူၿပီးေနာက္ ဟုမၼလင္းၿမိဳ႕နယ္အတြင္း ပါရမီလူမႈကူညီေရးအသင္း ၊ သီတဂူစကၡဳဒါနေဆး႐ုံေတာ္ ၊ခ်င္းတြင္းဥ႐ု ရွမ္းနီလူငယ္မ်ားကြန္ရက္ စသည္တို႔တြင္ေခါင္းေဆာင္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနသည္။

ဦးစိုင္းႏိုင္ႏိုင္ေက်ာ္သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး အမ်ိဳးသားလြတ္ေတာ္ အမွတ္(၅)တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ရႈံးနိမ့္ခဲ့သည္။

ယခု Covid19 ေရာဂါပိုးကုသကာကြယ္ေရးလုပ္ငန္းမ်ားတြင္လည္း ဟုမၼလင္းၿမိဳ႕နယ္၌ ဦးေဆာင္သူအျဖစ္ပါဝင္ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
Credit: The Voice of Shan-Ni

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်