ချင်းပြည်နယ်မှာ ပထမဆုံး ကော်ဖီအခြောက်လှန်းစက် စတင်လည်ပတ်

ချင်းပြည်နယ်မှာ ပထမဆုံး ကော်ဖီအခြောက်လှန်းစက် စတင်လည်ပတ်

ချင်းပြည်နယ်ရဲ့ ပထမဆုံး ကော်ဖီအခြောက်လှန်းစက်ကို ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ မင်းတပ်မြို့တွင်စတင်လည်ပတ်နေပါပြီ။

ဒီစက်ကို ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံက SME လုပ်ငန်းတွေကိုထောက်ပံ့တဲ့ RBF(Responsible Business Fund) ကျပ်သိန်း (၁၉၂)အကုန်ကျခံတည်ဆောက်ထားတာပါ။

မင်းတပ်မြို့ရှိ Hornbill Chin ကော်ဖီ အခြောက်လှန်းစက်ရုံအားတွေ့ရစဉ်(ဓာတ်ပုံ-Mar Hung)

 

Zalen ad

မင်းတပ်မြို့ Hornbill Chin ကော်ဖီပိုင်ရှင် စွန့်ဦးတီထွင်သူ ဆလိုင်းမာဟုန်းက အခုလိုပြောပါတယ်။

“ချင်းပြည်နယ်က အပူချိန်အားနည်းတဲ့တွက် အသီးအရွက်ကိုနေလှန်းတဲ့ချိန်က အရမ်းကြာတယ်။ အခု ကော်ဖီဟာဆိုရင်ပိုပြီးတော့ပြုစုနေလှန်းရတာ မနှစ်တုန်းကဆို ကော်ဖီသီးအခေါက်လှန်းတာ တစ်လကျော်စောင့်လိုက်ရတယ်။ အခြောက်လှန်းစက်နဲ့ဆို သုံးပတ်လောက်နဲ့ခြောက်သွားမယ်။ ကောင်းကျိုးအနေနဲ့ သပ်ရပ်တဲ့ကော်ဖီအရည်အသွေးမြင့်ထုတ်လုပ်နိုင်မယ်။ ဒီစက်အသုံးပြုခြင်းအားဖြင့် ဖုံအမှိုက်မဝင်တော့ဘူး။ အခြောက်ညီညာသွားမယ်။ ကော်ဖီမဟုတ်ပဲနဲ့ အခြား ဂျင်းတို့ ဆနွင်းနဲ့အခြားအသီးအရွက်ကိုလည်းအခြောက်လှန်းပြီးထုတ်လုပ်လို့ရပါသေးတယ်။ ဒီလအတွင်း ကော်ဖီလှော်စက်လည်း ရောက်လာမှာဖြစ်တဲ့တွက် ချင်းပြည်နယ်တစ်နေရာတည်းမှာ ကော်ဖီကိုကုန်ကြမ်းကနေ ကုန်ချောအထိထုတ်လုပ်နိုင်တော့မယ်။ အဓိကတော့ ချင်းပြည်နယ်ရဲ့ဂုဏ်ပုဒ်တစ်ခုဆောင်နိုင်ဖို့ ကော်ဖီထုတ်ကုန်ကို အဆင့်အတန်းမှီမှီထုတ်လုပ်ဖို့ရည်မှန်းထားတယ်”လို့ပြောပါတယ်။

အခြောက်လှန်းစက်ရုံမှာ တစ်ကြိမ်အခြောက်လှန်းရင် (၅၆၀)ပိဿာ လှန်းနိုင်ပါတယ်။ ဆလိုင်းမာဟုန်းဟာ ကော်ဖီဝိုင်ကိုလည်း ထုတ်လုပ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်