ချင်းတော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ ဟားခါး-ထန်တလန်လမ်းပိုင်းကို ပြန်စိုးမိုးနိုင်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

ဇွန် ၁၁၊ ၂၀၂၆
Zalen

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဟားခါး-ထန်တလန်လမ်းပိုင်းက အခြေစိုက်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး လမ်းကြောင်းပြန်ဖွင့်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၄ ရက်နေ့ကစပြီး ထန်တလန်-ဟားခါးလမ်းပေါ်က ပွိုင့် ၁၉၂၁ တောင်ကုန်း၊ ပွိုင့် ၂၀၆၉ တောင်ကုန်းနဲ့ တာဝါတိုင်ကုန်းစခန်းတို့ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး၊ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

Zalen ad

ဒီလမ်းပိုင်းကို အပြည့်ဝပြန်စိုးမိုးထားနိုင်ပြီဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်တော့မယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နေရပ်ပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူမှုစီးပွား၊ ပညာရေး၊ ကျန်းမာရေးနဲ့ မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီပံ့ပိုးပေးမယ်လို့လည်း ဖြည့်စွက်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမဲ့၊ အဲဒီနှစ် အောက်တိုဘာလမှာ မြို့ပေါ်နယ်မြေတချို့ကို ပြန်လက်လွှတ်ခဲ့ရတာပါ။

အဲဒီအချိန်ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဟားခါးနဲ့ ထန်တလန်ကြားက လမ်းပိုင်းတွေမှာ နေရာယူပြီး၊ မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ ဆက်တိုက်ခိုက်ခဲ့တာကြောင့် ဒီလမ်းကြောင်းဟာ ကာလရှည်ပိတ်ဆို့နေခဲ့တာဖြစ်ပါတယ်။

အခုတစ်ခါမှာ စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက လမ်းကြောင်းတွေကို ပြန်စိုးမိုးပြီးတဲ့နောက် ချင်းပြည်နယ်တောင်ပိုင်းကိုလည်း စစ်အင်အားအလုံးအရင်းနဲ့ ဆက်ပြီးထိုးစစ်ဆင်နေပါတယ်။

မကွေးတိုင်း ဆောဒေသဘက်ကနေတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေက အင်အားထောင်ချီသုံးပြီး ကြိုးပမ်းနေတာပါ။

ဒီလို စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ချင်းပြည်သူ့အစည်းအရုံး (CPU) ကလည်း လမ်းကြောင်းတစ်လျှောက်မှာ ခုခံတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

အိန္ဒိယက အိမ်ရှင်မတွေ သူတို့ကို အလုပ်ဖြုတ်မယ့် AI ကို ပြန်လည်လေ့ကျင့်ပေးနေရ

ဇွန် ၁၁၊ ၂၀၂၆Zalen အနာဂတ်မှာ လူတူစက်ရုပ်တွေက အိမ်မှုကိစ္စအဝဝကို လူသားတွေအတိုင်း လိုက်လုပ်ပေးနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ထောင်နဲ့ချီတဲ့ အိမ်ရှင်မတွေဟာ သူတို့ရဲ့နဖူးမှာ ကင်မရာတွေ၊ စမတ်ဖုန်းတွေပတ်ပြီး AI စနစ်တွေကို လက်တွေ့လေ့ကျင့်ပေးနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ...

ဆက်ဖတ်ရန်