ဇွန် ၁၂၊ ၂၀၂၆
Zalen

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က အဲ့ဒီ ကလေး- တမူးလမ်းပိုင်းရှိ တော်လှန်ရေးအင်အားစုများ အခြေချထိန်းချူပ်ထားတဲ့ နန်မွန်းတားကျေးရွာကို အင်အားအလုံးအရင်းနဲ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” တိုက်ပွဲက ဒီနေ့ထိပြင်းထန်နေဆဲပါ။ နန်းမွန်းတား၊ ခွမ်မွန်းနွံရွာ ရန်လင်းဖိုင်တော့ပါသွားပြီအခု ဝိတုတ်မှာ အပြန်အလှန်ပစ်ခတ်နေဆဲပါ။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး ပြည်သူတွေကတော့ရှောင်ကုန်ကြပြီ” လို့ ဒေသသတင်းအရင်းအမြစ် တဦးက Zalen ကိုပြောပါတယ်။
စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့ ဇွန်လ ၄ရက်နေ့ကတည်းက စတင်ပြင်ဆင်နေတာ ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ စတင်ပြီးစစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။
စစ်ကောင်စီတပ်က သာလွန်အင်အားနဲ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၁ ရက်နေ့က ရန်လင်းဖိုင်အနီးရှိ တော်လှန်ရေးအင်အားစုများရဲ့ ရှေတန်းစခန်းငယ်တခု ဆုံရှုံးလိုက်ရတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မှာတက်လာတဲ့ အတုအယောင်သမ္မတ မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်အပြီးမှာ အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ရရှိရေးတွက်အခုလို အသည်းအသန်ကြိုးစားထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
သတင်း – S-P
ပုံစာ – အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) နယ်စပ် ကုန်သွယ်ရေးတံတားအားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်








