အမေရိကန်-အီရန် ဆွေးနွေးပွဲရလဒ်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်ကျဆင်း

ဇွန် ၂၂၊ ၂၀၂၆
Zalen

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ အမေရိကန်နဲ့အီရန်တို့ရဲ့ အဆင့်မြင့်ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် ကမ္ဘာ့ရေနံဈေးကွက်အတွင်း ပြတ်လပ်မှုဖြစ်ပေါ်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားသဖြင့် ဇွန်လ ၂၁ ရက်မှာ ရေနံဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွင်း အီရန်နိုင်ငံအနေနဲ့ ရေနံနဲ့ ရေနံဓာတုပစ္စည်းတွေ တင်ပို့မှုအပေါ် ပိတ်ဆို့မှုကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချ်ချီက ပြောကြားပါတယ်။

Zalen ad

ဒါ့ပြင် ပိတ်ဆို့ခံထားရတဲ့ ပိုင်ဆိုင်မှုအချို့ ပြန်လည်ထုတ်ယူခွင့်နဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ စတင်ခွင့်အတွက်လည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ဈေးကွက်အခြေအနေများအရ Brent ရေနံစိမ်းဈေးဟာ ၁.၅၃ ဒေါ်လာ (၁.၉၀%) ကျဆင်းပြီး တစ်စည်လျှင် ၇၉.၀၄ ဒေါ်လာကို ရောက်ရှိလာပြီး အမေရိကန် WTI ရေနံစိမ်းဈေးနှုန်းမှာလည်း တစ်စည်လျှင် ၇၆.၅၃ ဒေါ်လာသို့ ကျဆင်းသွားခဲ့ပါတယ်။

အရောင်းအဝယ် စတင်ချိန်မှာ ဆွေးနွေးပွဲရလဒ် မရေမရာဖြစ်မှုကြောင့် ရေနံဈေးမှာ ၈၂.၃၀ ဒေါ်လာအထိ မြင့်တက်ခဲ့သော်လည်း နောက်ပိုင်းမှာ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။

ဆွေးနွေးပွဲရလဒ်အရ လက်ရှိကျင့်သုံးနေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက် ၆၀ သက်တမ်းတိုးဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပြီး၊ အဆင့်မြင့်ကော်မတီတစ်ခု ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပညာရှင်တွေက လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေး-ဟစ်ဇဘိုလာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခြင်းနဲ့ ဒေသတွင်း တင်းမာမှုတွေကြောင့် ရေရှည်တည်ငြိမ်တဲ့ သဘောတူညီချက်တခု ရရှိရန်မှာ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

တဖက်မှာလည်း အီရန်အမျိုးသား ရေနံကုမ္ပဏီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အရ အီရန်ရေနံစည်ပေါင်း ၂၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး၊ အီရတ်၊ ယူအေအီးနဲ့ ကူဝိတ်နိုင်ငံတို့ကလည်း ရေနံတင်ပို့မှုကို တိုးမြှင့်ရန် စီစဉ်နေသဖြင့် ကမ္ဘာ့ရေနံဈေးကွက်အတွင်း ထောက်ပံ့မှု ပိုမိုများပြားလာနိုင်တဲ့ အခြေအနေရှိနေရှိတယ်လို့ သိရပါတယ်။

ကိုးကား-ရိုက်တာ
သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်၊ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေ

ဇွန် ၂၂၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က မြေပြင်မှ အပြင်းအထန်ထိုးစစ်ဆင်နေသလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ စစ်ကောင်စီက ဇွန်လ ၂၁ရက်နေ့ နေ့လည်ပိုင်းမှာ မှာ မြေပြင်ထိုးစစ်ဆင်မှုကို ...

ဆက်ဖတ်ရန်