ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီရေးအသင်း(ချင်း)က စစ်ဘေးရှောင်စခန်းသို့အကူအညီပေးအပ်

ကူညီထောက်ပံ့ရေးပစ္စည်းများမရောက်ရှိနိုင်သေးတဲ့  ကချင်စစ်ဘေးရှောင်ပြည်သူများထံ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီရေးအသင်း(ချင်း)က အကူအညီသွားရောက်ပေးအပ်ကြောင်းသတင်းရရှိပါတယ်။

ချင်းကျောင်းသားသမဂ္ဂဦးဆောင်တဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီရေးအသင်း(ချင်း)ကိုယ်စား ဆလိုင်ထန်းနိုင်းက ဇူလိုင်လ(၂၆)ရက်တွင် အင်ဂျန်းယန်မြို့နယ် စစ်ရှောင်စခန်းတွေရာက်ရှိပါတယ်။

အကူအညီသွားရောက်ပေးအပ်တဲ့ အင်ဂျန်းယန်မြို့နယ်၊စစ်ရှောင်စခန်း(IDPs) မှာ အိမ်ခြေ ၂၃၀ ရှိပြီး လူဦးရေ ၁၀၅၀ ဝန်းကျင်ရှိပါတယ်။  ဂျော်မဆတ် IDPs Camp မှာတော့ အိမ်ခြေ ၁၄၃ အိမ် လူဦးရေ ၆၀၀ ကျော်ရှိပါတယ်။

ဆလိုင်းထန်းနိုင်းက “စစ်ရှောင်ပြည်သူတွေ/ကလေးသူငယ်တွေရဲ့ အစာအာဟာရအတွက် ကူညီထောက်ပံ့မှုများစွာ လိုအပ်နေပါတယ်။ ဒီ Camp မှာက ကူညီရေး အဖွဲ့အစည်းတွေ မရောက်နိုင်သေးတဲ့ နေရာပါ။  ဂျော်မဆတ် IDPs Camp ကတော့ အောင်လော့ကျေးရွာမှ ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်ပါတယ်။ လက်ရှိအချိန်မှာ KBC မှအစစအရာရာကူညီပေးနေပါတယ်။ သူတို့အတွက်လိုအပ်ချက်တွေ များစွာထဲမှ အဓိကလိုအပ်တာက ဆယ်တန်းကျောင်းသူ/သားပေါင်း ဆယ်ယောက်ကျော်ရဲ့ အဆောင်နေစရိတ်ဖြစ်ပါတယ်။ အပြစ်မဲ့ ဒဏ်ရာရပြည်သူတွေ မြင်တွေ့ရတော့ လွန်စွာ စိတ်မကောင်း ဖြစ်ရပါတယ်”လို့ ၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။

အရင်က ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီရေးအသင်း(ချင်း)က နှစ်ကြိမ်ငွေကြေးအကူအညီပေးပို့ခဲ့ပြီး ယခုအကြိမ်မှာတော့ သိန်း(၃၀)ဝန်းကျင်အကူအညီပေးနိုင်ပါတယ်။

ကျောင်းကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ဆလိုင်းဗန်ထောင်းထန်းက “ကူညီချင်တဲ့စိတ်ရှိသလောက် အကူအညီမပေးနိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ တတ်နိုင်သလောက် အကူအညီပေးခွင့်ရတာကျေနပ်ပါတယ်။ သူတို့လိုအပ်ချက်တွေကူညီနိုင်မယ့်သူတွေနဲ့တွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဆက်လက်ဖတ်ရှုရန်