ကမ္ဘာ့သက်တမ်းအရင့်ဆုံး သမ္မာကျမ်းစာဟောင်းကို ဒေါ်လာ ၃၈.၁ သန်းဖြင့်လေလံတင် ရောင်းချ

နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီး လူသားများရဲ့ သမိုင်းတွင် အရေးပါဆုံးစာအုပ်အဖြစ် သတ်မှတ်ခံရသော ဟေဗြဲကျမ်းစာဟာ လေလံတင်ရောင်းချပွဲတွင် တန်ဖိုး အကြီးဆုံးသော စာအုပ်ဖြစ်လာခဲ့ပါတယ်။

Codex Sassoon လို့ခေါ်တဲ့ ၉ ရာစုနှင့် ၁၀ ရာစုခန့်က ထိုကျမ်းစာအုပ်ကို ဗုဒ္ဓဟူးနေ့ မေ ၁၇ ရက်က နယူးယောက်မြို့က Sotheby လေလံတင်ရောင်းချမှုတွင် ဒေါ်လာ ၃၈.၁ သန်းဖြင့် ရောင်းချခဲ့ပါတယ်။

 နောက်ဆုံး တန်ဖိုး အကြီးဆုံးဖြင့်‌ရောင်းချခဲ့သောစာအုပ်ကတော့ ၁၉၉၄ ခုနှစ်တွင် လီယိုနာဒိုဒဗင်ချီရဲ့ Codex Leicester စာအုပ်ကို ဒေါ်လာ ၃၀.၈ သန်းဖြင့် ရောင်းချခဲ့ပါတယ်။

Codex Sassoon ကို မူလကတော့ ဒေါ်လာ ၅၀ သန်းဖြင့်‌ရောင်းချရန် ခန့်မှန်းထားသော်လည်း ထိုပမာဏအထိ မရောင်းချနိုင်ခဲ့ပါဘူး။ လေလံတင်ရောင်းချမှု မတိုင်ခင် ဒီစာအုပ်ကို ဗြိတိန်နှင့် အိစ္စရေးနိုင်ငံတို့တွင် ပြသခဲ့ပါတယ်။

Zalen ad

ဟေဗြဲကျမ်းစာလို့ခေါ်တဲ့ ဓမ္မဟောင်းကျမ်းစာဟာ ဘာသာ ၃ ခုရဲ့ အခြေခံကျမ်းစာအုပ်ဖြစ်ပြီး ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အိစ္စလမ်ဘာသာတို့ အခြေခံထားသော ကျမ်းစာဖြစ်ပါတယ်။ Codex Sassoon ဟာ စာမျက်နှာပေါင်း ၇၉၂ ရှိသော ကျမ်းစာဖြစ်ပြီး တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားပါတယ်။

အလေးချိန်အားဖြင့် ၂၆.၅ ပေါင်ခန့်ရှိပြီး ထိုခေတ်ခါတုန်းက ချမ်းသာကြွယ်ဝသော သူများကသာ ဒီလို သားရေကို အသုံးပြုနိုင်ပါတယ်။ Codex Sassoon ဟာ ပထမဆုံးသော codex လို့ခေါ်တဲ့ စာအုပ်ဖြစ်နိုင်ကြောင်းဆိုပါတယ်။

Codex ဆိုတာ ဟေဗြဲများရဲ့ ကျမ်းစာဖြစ်ပါတယ်။ ဒီကျမ်းစာများကို မရေးသားခင် အလိပ်ဖြင့် တည်ရှိခဲ့သော ကျမ်းစာများရှိခဲ့ပြီး ဒါကို နောက်မှာတော့ Dead Sea Scrolls လို့ သိကြပါတယ်။ သို့သော်လည်း ဒီမူရင်းကျမ်းစာမှာတော့ အခန်းကြီး၊ အခန်းငယ်များကို ခွဲခြားထားခြင်း မရှိပါဘူး။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောထဲစစ်ရှောင်နေတဲ့ပြည်သူများဆီမှဓားပြတိုက်လုယက်

ဇွန်  ၁၆၊  ၂၀၂၆ Zalen  စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အခုရက်ပိုင်း ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူများကို ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံများထံကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တမူးမြို့ကနေစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ ...

ဆက်ဖတ်ရန်