ကလေးမြို့မှာ စစ်ကောင်စီတပ်က စားသောက်ဆိုင်တစ်ခုကို၀င်စီးပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး၊ ဆိုင်ကို ချိတ်ပိတ်

၂၄၊ မေ ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ လေဆိပ်အနီးက စားသောက်ဆိုင်တစ်ခုကို မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် သားအမိနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စားသောက် ဆိုင်ကို စီးနင်းခဲ့ကာ ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

” အဲဒီဆိုင်က တပ်ဆေးရုံနဲ့ သိပ်မဝေးဘူး။ လေယာဉ်ကွင်းနောက်ကျောဘက်နားမှာလေ။ သူတို့၀င်စီးတဲ့အချိန် ဆိုင်ပိုင်ရှင်ကို အရင်ဖမ်းခေါ်တယ်။ နောက်မှ သမီးဖြစ်သူကို ပြန်ဖမ်းခေါ်တယ်။ PDF ကို ဆက်သွယ်တယ်။ ထောက်ပံ့တယ်လို့ ‌ပြောပြီး ခေါ်သွားတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးကို ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) ကို ဖမ်းဆီးထားပြီး အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ် မရသေးဘူးလို့ သိရပါတယ်။

ကလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချိတ်ပိတ်ခံထားရတဲ့ အဆောက်အဦး ၅၀ ကျော်အထိ ရှိပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသားတဦးကို ZRAက ဖမ်းဆီး သတ်ဖြတ်

ဇူလိုင် ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ZRA-EC တပ်ဖွဲ့က စစ်ဘေးရှောင်နေတဲ့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတင် ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက ...

ဆက်ဖတ်ရန်