ကလေးမြို့မှာ စစ်ကောင်စီတပ်က စားသောက်ဆိုင်တစ်ခုကို၀င်စီးပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး၊ ဆိုင်ကို ချိတ်ပိတ်

၂၄၊ မေ ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ လေဆိပ်အနီးက စားသောက်ဆိုင်တစ်ခုကို မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် သားအမိနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စားသောက် ဆိုင်ကို စီးနင်းခဲ့ကာ ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

” အဲဒီဆိုင်က တပ်ဆေးရုံနဲ့ သိပ်မဝေးဘူး။ လေယာဉ်ကွင်းနောက်ကျောဘက်နားမှာလေ။ သူတို့၀င်စီးတဲ့အချိန် ဆိုင်ပိုင်ရှင်ကို အရင်ဖမ်းခေါ်တယ်။ နောက်မှ သမီးဖြစ်သူကို ပြန်ဖမ်းခေါ်တယ်။ PDF ကို ဆက်သွယ်တယ်။ ထောက်ပံ့တယ်လို့ ‌ပြောပြီး ခေါ်သွားတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးကို ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) ကို ဖမ်းဆီးထားပြီး အခုချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ် မရသေးဘူးလို့ သိရပါတယ်။

ကလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချိတ်ပိတ်ခံထားရတဲ့ အဆောက်အဦး ၅၀ ကျော်အထိ ရှိပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်