ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Zalen ad

“Fixed Wing Drone တွေသုံးပြီး ဗုံးချတာဗျ။လေယာဉ်ကွင်းကို ဗုံးချတယ်ဆိုတာလည်း

စကစထောက်ပို့လေယာဉ်ဆင်းလာတဲ့ချိန်ကြဲတာပါ၊ အထိခိုက်တော့ တိကျအတည်ပြုလို့မရသေးဘူး”လို့ Wings Of Kalay တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ကျေးရွာ ၁၀ရွာက နေအိမ် ၆၀၀ ထက်မနည်းမီးရှို့ဖျက်ဆီးထားပြီး ဒေသခံပြည်သူ သောင်းနဲ့ချီစစ်ဘေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

သတင်း- Win Ko

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆ Zalen အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်