ကလေးမြို့နယ်မှာ အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိ

ကလေးမြို့နယ် ဆည်တောရွာအလွန် ကမ္ဘာနီးတံတားအနီး ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာနိုဝင်ဘာ(၂၈) နံနက် (၄)နာရီခန့်က အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိတယ်လို့ ကလေးမြို့နယ်ရဲမှတ်တမ်းအရသိရပါတယ်။

၎င်းအမျိုးသမီးဟာ အသက်(၃၀)ခန့်ရှိပြီး ကားကြိတ်ခံရသဖြင့် ဦးခေါင်းကြေမွပြီး ဦးနှောက်ထွက်ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာ၊ ယာဘက်ခြမ်းရင်ဘတ်နှင့် ဝမ်းဗိုက်ပွန်းဒဏ်ရာ၊ ယာဘက်နံရိုးများကျိုးဒဏ်ရာ၊ ကျောယာဘက်ခြမ်းပွန်းဒဏ်ရာ၊ ယာဘက်မောင်းကျိုးဒဏ်ရာ၊ ဝဲနှင့်ယာပေါင်ကျိုးဒဏ်ရာ၊ ဝဲနှင့်ယခြေသလုံးကျိုးဒဏ်ရာ၊ ဝဲဘက်ခြေဖနောင့်ပွန်းဒဏ်ရာ၊ နဲ့ ယာဘက်ခြေခုံပွန်းဒဏ်ရာတို့ရရှိထားပါတယ်။

ကားနဲ့တက်ကြိတ်သွားတဲ့ ယာဉ်မောင်းကို ကလေးမြို့နယ်ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲဖြစ်ပါတယ်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဆဲဖြစ်ပြီး အလောင်းကို နတ်ချောင်းတိုက်နယ်ဆေးရုံမှာ ဆေးစာပေးပို့ပြီး ကလေးမြို့ပြည်သူ့ဆေးရုံသို့သယ်ဆောင်သွားပါတယ်။

ဆည်တောရွာ သင်းအုပ်ဆရာတော် ဆလိုင်းဇော်လင်းထွန်းက “ဒီအနီးနားတစ်ဝိုက်မှာ ကျနော်တို့ရွာပဲရှိတယ်။ ဒါပေမယ့် ကျနော်တို့ရွာက လူလည်းမဟုတ်ဘူး”လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်