အိန္ဒိယနယ်စပ်တနေရာသို့ စစ်ဘေးခိုလှုံနေရတဲ့ ပြည်သူအချို့ကို IFT နဲ့ CDM ကျန်းမာရေးဆရာများ သွားရောက်ထောက်ပံ့

ဇူလိုင်  ၄၊  ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူး-ကလေးလမ်းပိုင်း ခမ်းပါတ်မြို့နယ်အတွင်း စစ်အုပ်စုကအင်အား အလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ပြည်သူတချို့အား အရေးပေါ်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်များကို IFT အဖွဲ့ နဲ့ CDM ကျန်းမာရေးဆရာမများက သွားရောက်ကူညီထောက်ပံခဲ့တယ်လို့ IFTအဖွဲ့ထံမှ သိရပါတယ်။

အဲဒီလို‌ စစ်ဘေးရှောင်များအတွက်အရေးပေါ် လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်များကို ဇူလိုင်လ ၂ရက်နေ့က ဌာနေမိသားစုတမူး(IFT) အဖွဲ့ဦးဆောင်မှုနဲ့ CDM ကျန်းမာရေးဆရာမများ ပူးပေါင်းပါဝင်ပြီး အိန္ဒိယ နယ်စပ်တနေရာက စစ်ရှောင်များထံ သွားရောက်ပို့ဆောင် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

” အဲ့မှာက တမူး-ကလေးလမ်းပိုင်း တိုက်ပွဲကြောင့်လတ်တလော ထွက်ပြေးတိမ်းရှောင်လာရတဲ့ အိမ်ခြေ ၂,၀၀၀ကျော်ရှိတယ်။ အိန္ဒိယဘက်ကရွာ ၅ရွာမှာခိုလှုံနေကြရတာပါ။ အဲဒီ အိမ်ခြေ ၂,၀၀၀ကျော်ထဲက တအားခက်ခဲတဲ့သူတွေကိုဘဲ အိမ်ထောင်စု ၃၂၉စု ကျော်လောက်ဘဲ လှူဒါန်းနိုင်ခဲ့တာပါ။ နောက်ထပ် အရေးပေါ်အကူအညီလိုအပ်နေသူ အများကြီးရှိသေးတယ်။ IFT အဖွဲ့က အခုလိုသွားထောက်ပံ့နိုင်တာက Gerenertion of Mindat(G.O.M) အမျိုးသမီးဘောလုံးပြိုင်ပွဲက GOM FC (A)အသင်းနဲ့ (B) အသင်းက ငွေသား ၇၇၆,၄၂၆ သိန်းကျပ်ဆီ လှူဒါန်းခဲ့ပြီး IFTနဲ့ CDM ကျန်းမာရေးဆရာမများက အခြေခံစားသောက်ကုန် တွေကို ဝယ်ယူစီမံပြီး သွားရောက်ပို့ဆောင် ပေးအပ်ခဲ့တာပါ” လို့ အဖွဲ့ဝင်တဦးက Zalen ကိုပြောပါတယ်။

အခုလို တမူး-ကလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာနေလို့ အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာ တဲ့ စစ်ရှောင်ပြည်သူများကို Gerenertion of Mindat (G.O.M) မှကျင်းပတဲ့ (၁၇) ကြိမ်မြောက် အမျိုးသမီး ဘော်လုံးပြိုင်ပွဲမှ ရရှိလာတဲ့ ငွေသား ၇၈၆,၄၂၆ ဆီကို GOM FC (A) အသင်နဲ့ (B) အသင်းတို့က အသီးသီး လှူဒါန်းခဲ့တဲ့ ငွေသားနဲ့ စစ်ဘေးရှောင်းများရဲ့ လိုအပ်ချက်ဖြစ်မယ့် အခြေခံ စားသောက်ကုန် ဆီ၊ ဆား၊ ဆန်၊ ပဲ များကို ဝယ်ယူစီမံခန့်ခွဲပြီး အလှူရှင်များကိုယ်စား သွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဒေသမှာရှိတဲ့ NUG လူသားစာနာထောက်ထားမှုဌာနမှ တာဝန်ရှိသူများနဲ့ ဒေသရှိစေတနာရှင် အမျိုးသမီးအချို့ရဲ့ ပူပေါင်းပါဝင်မှုနဲ့ စစ်ဘေးရှောင်အိမ်‌ထောင်စု ၃၂၉ စာကျော်ကို ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ တာလို့လည်း ဆိုပါတယ်။

တမူး-ကလေးလမ်းပိုင်းတွင် စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင် အသုံးပြုပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေလို့ အိန္ဒိယနယ်စပ်ဘက်ကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူ အိမ်ခြေ ၂ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ကူညီရေးလှုပ်ရှားနေသူတဦးပြောပြချက်အရ ” ကလေး-တမူးတကျောမှာ စစ်ရေးတင်းမာနေမှု ကြောင့် ကုန်စည်စီဆင်းမှုမရှိလို့ အိန္ဒိယ မိုးလေးမြို့ကိုတာ မှီခိုနေရတာဖြစ်ပါတယ်။

မိုးရာသီ ဖြစ်တဲ့အတွက် လမ်းပိုင်းအဆက်သွယ် လွန်စွာမှ ခက်ခဲနေပြီးကုန်စျေးနှုန်း မြင့်တက်ကာ စစ်ရှောင်ပြည်သူအများစုက တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်ကြတဲ့တောင်သူများဖြစ်တဲ့အတွက် ဘာအလုပ်မျှမရှိပဲ လက်လုပ်လက်စားပြည်သူတွေဟာ အလွန်အခက်အခဲ့ကြုံတွေ့ နေရတယ်” လို့ဆို ပါတယ်။

သတင်း S-P

ပုံစာ-စစ်‌ရှောင်များအားကူညီထောက်ပံ့မှုအခြေနေနဲ့လမ်းခရီးမြင်ကွင်းများ။

ဓာတ်ပုံ – IFT

နောက်ဆုံးရသတင်းများ

ဗာတီကန်က SSPX အပေါ် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဘုရားကျောင်းဥပဒေအရ အရေးယူမှု ချမှတ်

ဇူလိုင် ၄ ၊ ၂၀၂၆Zalen ဗာတီကန်ရဲ့ ခွင့်ပြုချက်မရဘဲ ဆွစ်ဇာလန်နိုင်ငံ အီကိုန် (Écône) မှာ ဘုန်းတော်ကြီး ၄ ဦးကို ခန့်အပ်ခဲ့တဲ့ Saint Pius X အသင်း (SSPX) အပေါ် ...

ဆက်ဖတ်ရန်