ချင်းအက်ဥပဒေပြင်ဆင်တဲ့ခါ ပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားတွေတွက်ထည့်သွင်းစဉ်းစားပေးစေလို

ချင်းအက်ဥပဒေကိုပြင်ဆင်တဲ့ခါမှာ ချင်းပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်လို့ ချင်းသမိုင်းသုတေသီ ဆလိုင်းရိုဆန်းကဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ချင်းအေဂျင်စီရုံးမှာလွတ်သဘောဆွေးနွေးတဲ့ ချင်းပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားအခွင့်အရေးနဲ့ဓလေ့ထုံးတမ်းဥပဒေ ဆွေးနွေးမှာ အခုလိုပြောလိုက်တာပါ။

ဒီလကုန်ပိုင်းမှာ ချင်းပြည်နယ်အစိုးရနဲ့ ချင်းလူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီး ချင်းအက်ဥပဒေကိုပြင်ဆင်ချက်လုပ်မယ်လို့သိရပါတယ်။

Zalen ad

“ချင်းအက်မှာကော တိုင်းရင်းသားရေးရာဥပဒေမှာမပြဌာန်းရင် ပြည်နယ်ပြင်ပမှာရှိနေတဲ့ ချင်းတွေတွက်နစ်နာတာပေါ့။  ပြည်နယ်ပြင်ပ ချင်းတွေက မြေကြီးပိုင်ဆိုင်မှုတို့ မရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် ချင်းလူဦးရေးက ပြည်နယ်ပြင်ပမှာပိုများတယ်။ အခုဆွေးနွေးထားတဲ့အကြောင်းအရာလည်း ဒီနေ့တက်ရောက်လာတဲ့လူတွေက ချင်းအက်ပြင်ဆင်ရေးဆွေးနွေးပွဲမှာ ဆက်လက်သယ်ဆောင်သွားမယ်”လို့ ဆလိုင်းရိုဆန်းကဆိုတယ်။

ဒီနေ့ အလွတ်သဘောဆွေးနွေးပွဲမှာ စိတ်ပါဝင်စားတဲ့ ရခိုင်၊ မကွေး၊ ထာဒိုတွေလူ(၁၀)ယောက်တက်ရောက်ကြပါတယ်။

“အခုလည်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနကနေ တိုင်းရင်းသားဥပဒေဆိုတာရေးဆွဲပြီးခု နည်းဥပဒေရေးဆွဲနေတယ်။ ဒါတွေတွက် ပြည်နယ်ပြင်ပလူတွေ ပြင်ဆင်ဖို့လိုပြီ။ အဲ့ဥပဒေမှာ ဓလေ့ထုံးတမ်း မြေယာဥပဒေ၊ ဓလေ့ထုံးတမ်း လက်ထက်ထိမ်းမြားခြင်းဥပဒေ၊ ဓလေ့ထုံးတမ်း တရားစီရင်ရေးဥပဒေတွေ ကြိုတင်မလုပ်ထားရင် တိုင်းရင်းသား နည်းဥပဒေထွက်လာရင် ကျနော်တို့နောက်ကျသွားနိုင်တယ်။ ဒါကြောင့် ကိုယ့်လူမျိုးစု၊ ကိုယ့်ဒေသတွေမှာ ဒီဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ကိုယ့်ဓလေ့ထုံးတမ်းဥပဒေခိုင်မာဖို့လိုနေပြီဆိုတာ အမြင်ဖွင့်ရှင်းလင်းဖို့၊ ကျနော်တို့အခွင့်အရေးရနိုင်ဖို့ဆိုရင် အထက်ကိုတက်မယ်ဆိုရင် တိုင်းရင်းရေးရားဌာနကို အဲ့ဒီဥပဒေဝင်မယ်။ နောက်တစ်ခုကတော့ ဒါမရရင် ချင်းအက်မှာ ကျနော်တို့အခွင့်အရေးပြဌာန်းပေးဖို့လိုနေပြီ”လို့ ဆလိုင်းရိုဆန်းကပြောပါတယ်။

 

 

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်