ချင်းပြည်နယ် အစိုးရ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့လိုပြီဟုဆို

ချင်းပြည်နယ် ဆလိုင်းလျန်လွယ်အစိုးရဟာ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့လိုနေပြီလို့ အစိုးရ နှစ်နှစ်ကာလအတွင်း အစိုးရပေါ်ပြည်သူတွေရဲ့အမြင်သုတေသနစစ်တမ်းကောက်တဲ့ CNRWG(ချင်းတောင် သဘာဝသံယဇာတစောင့်ကြည့်အရေးအဖွဲ့)က ဦးလျန်တွမ်ကဆိုပါတယ်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစိုးရမဏ္ဍိုင်သုံးရပ်အပေါ်ချင်းပြည်နယ်အတွင်းရှိ ပြည်သူများရဲ့အမြင် သုတေသနစစ်တမ်းဟာ ၂၀၁၇ တစ်နှစ်လုံး ချင်းပြည်နယ် ကိုးမြို့နယ်စလုံးက တစ်မြို့နယ်မှာ လူ(၁၀၀)ကိုမေးမြန်းထားပါတယ်။ ဒီစစ်တမ်းဟာ ကဏ္ဍာလေးခုဖြစ်တဲ့ ဥပဒေပြုရေးလွှတ်တော်၊ ဒေသန္တရအုပ်ချုပ်ရေးအစိုးရ၊ တရားစီရင်ရေး ဆိုပြီးခွဲခြားထားပါတယ်။

ဦးလျန်တွမ်က “သုတေသနထဲက တွေ့ရှိချက်အရ ပြည်သူတွေရဲ့ အမြင်မှာ ချင်းပြည် အစိုးရ အခြေအနေမကောင်းဘူး။ ကျန်းမာရေးမကောင်းဘူးပဲပြောရမှာပေါ့နော်။ တရားစီရင်ရေးကဏ္ဍာကိုလည်း ပြည်သူတွေက ယုံကြည်အားကိုးမှုအရမ်းနည်းတယ်။ အုပ်ချုပ်ရေးပိုင်းလည်း တော်တော်လေး အားမရဘူး။ ပြီးတော့ လွှတ်တော် ဥပဒေပြုရေးလည်း ပြည်သူတွေရဲ့ အသိတရားရော၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူဆက်ဆံရေးက တော်တော်လေး အခြေအနေမကောင်းဘူး။ ဒီစာအုပ်ထဲမှာလည်း အစိုးရဆီ အကြံပြုချက်ရေးထားတယ်။ ဥပမာ-တရားစီရင်ရေးဆိုရင် ပိုပြီးမြန်ဆန်ဖို့၊ မျှမျှတတဖြစ်ဖို့ ဘာတွေဘာတွေလုပ်သင့်တယ်ဆိုတာ အကြံပြုချက်ထဲမှာရေးထားတယ်။ လွှတ်တော်ကိုယ်စားလှယ်ကိစ္စဆိုရင်လည်း ကိုယ်စားလှယ်တွေနဲ့ပြည်သူတွေပိုပြီးထိတွေ့ဖို့ ပြည်သူတွေကလွှတ်ေတာ်ထဲမှာ ကိုယ်စားလှယ်တွေဘာလုပ်တာလဲဆိုတာ မသိကြဘူးလေ။ အဲ့ဒါတွေပြန်လည်ချပြဖို့။ ချင်းပြည်နယ်အစိုးရကတော့ ဆေးခန်းပြမှရမယ်။ တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ပြမှပဲအဆင်ပြေမယ်။ မယုံရင် သူ့ဟာသူ ဓာတ်ခွဲခန်းဝင်လို့ရပါတယ်”လို့ပြောပါတယ်။

ဒီစစ်တမ်းကို ဇွန်လ(၂၁)ရက်မှာ နေပြည်တော်မှာရှိတဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေဖိတ်ပြီး မိတ်ဆက်ပွဲပြုလုပ်ပါတယ်။ ဇူလိုင်လ (၂)ရက်မှာလည်း ကလေးမြို့မှာရှိတဲ့ ချင်းလူထုဆီမှာ မိတ်ဆက်ပွဲပြုလုပ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်