ချင်းပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် USDP မှ Pu Kawl Lian Thang ရွေးချယ်ခံရ

မတ် ၂၀၊ ၂၀၂၆။

Zalen

ဒီနေ့ မတ်လ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ USDP ကိုယ်စားလှယ် Pu Kawl Lian Thang အားရွေးချယ်တင် မြှောက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များဆီမှ သိရှိရပါတယ်။

Zalen ad

အဆိုပါ ရွေးချယ်ခံရသူ Pu Kawl Lian Thang ဟာ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒီနေ့မှာတော့ လွှတ်တော်ဥက္ကဌရာထူးကိုပါ ထပ်မံရရှိလာတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ်လည်း USDP ပါတီမှ ကိုယ်စားလှယ် ဦးသန့်စင်ဦးကို ရွေးချယ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ဦးသန့်စင်ဦးဟာ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ (၁) မှ ရွေးချယ်ခံရသူတဦးလည်းဖြစ်ပါတယ်။

ဟားခါးမြို့တွင် ယခုလို လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရန်အတွက် လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရပြီး၊ မြို့အတွင်း စစ်ရေးတင်းမာမှုများနှင့် လှုပ်ရှားမှုများ ဆက်လက်ရှိနေသည့်အခြေအနေတွင် အစည်းအဝေးကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်ဟာ ၎င်းတို့ရဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Mai

ဓာတ်ပုံ-လူမှုကွန်ယက်

#ချင်းပြည်နယ် #ပြည်နယ်လွှတ်တော်ဥက္ကဌ#USDP #PuKawlLianThang #ရွေးချယ်

#ဦးသန့်စင်ဦး#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်