စစ်ကောင်စီတပ်သားတစ်ဦး CDF CDM Siyin ထံ အလင်းဝင်

ချစ်ခြင်းနွေ
၂၂၊ အောက်တိုဘာ၊ ၂၀၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သားတစ်ဦးဟာ အောက်တိုဘာ ၂၁ရက်နေ့က CDF CDM Siyin ထံ လာရောက်ပူးပေါင်းကာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်း ၂၆၉က စစ်ကောင်စီတပ်သားတစ်ဦးဖြစ်တဲ့ အသက် ၃၁အရွယ် ကိုစိုင်းဇော်ထွေး ကိုယ်ပိုင်အမှတ် တ/ ၅၄‌၅‌၅၂ဟာ သိုင်းငင်းစစ်ဆေးရေးဂိတ်စခန်းကနေ ထွက်ပြေးလာခဲ့ပြီး CDF CDM Siyin အဖွဲ့ဆီလာရောက် ခိုလှုံခဲ့တာဖြစ်တယ်လို့ CDF CDM Siyin အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ဆီရောက်လာတော့ ကျွန်တော်တို့ကလည်း သေချာမေးရတာပေါ့။ မင်း အလင်းဝင်တာသေချာလား၊ သတင်းလာထောက်လှမ်းတာလား အဲ့လိုမေးတာပေါ့။ သူကတော့ သေချာတယ်၊ ထွက်ပြေးလာတာ အခုနဲ့ဆို သုံးကြိမ်မြောက်တဲ့၊ အခုမှ ထွက်ပြေးလာနိုင်ပြီး ဒီဘက်ကို ရောက်လာနိုင်တာလို့ပြောတယ်။ ကျွန်တော်တို့က ကောင်းကောင်းထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ သူလုံခြုံတဲ့နေရာအထိ ရောက်အောင်ပေါ့။ ” လို့ CDF CDM Siyin အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Zalen ad

စစ်ကောင်စီတပ်သားတွေ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ပူးပေါင်းလာရင် ငွေကျပ် သိန်း ၅၀ ချီးမြင့်မယ်လို့ CDF CDM Siyin အဖွဲ့က ကြေညာထားပါတယ်။

“အဓိကကတော့ တော်လှန်ရေးကာလမှာ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက်က ဖြစ်နိုင်ရင်တော့ အသေအပျောက် နည်းလေ ကြိုက်လေပဲ။ ဒီကြားထဲမှာ ပြည်သူနဲ့ ပူးပေါင်းပါဝင်နိုင်တဲ့သူကတော့ ၁၀၀ ရာခိုင်နှုန်း ကြိုဆိုရမှာပဲလေ။ တကယ့်စိတ်ရင်းစိတ်မှန်နဲ့ ပူးပေါင်းလာသူတွေကို ကျွန်တော်တို့က အမြဲကူညီနေမှာပါ။ ” CDF CDM Siyin အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သား ၁၀ယောက်ထက်မနည်း CDF CDM Siyin ထံ အလင်းဝင် ပူးပေါင်းလာပြီဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်