တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတာတွေ ချက်ချင်းရပ်တန့်ဖို့ Justice For Myanmar တောင်းဆို

ဇွန် ၁၇၊ ၂၀၂၆
Zalen

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတာတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က ပြင်းပြင်းထန်ထန် ရှုတ်ချတောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်တွေ အဓိကရောင်းချပေးနေတဲ့အပြင် မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိကဝယ်ယူပြီး ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာပါ။

အဲဒီလုပ်ငန်းတွေကနေရတဲ့ နိုင်ငံခြားဝင်ငွေ အမြောက်အမြားဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုလက်ထဲကို စီးဝင်နေတယ်လို့ JFM က ထောက်ပြထားပါတယ်။

Zalen ad

အထူးသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေမှာ ကြံရာပါဖြစ်မှုကို ပိုပြီးနက်ရှိုင်းစေခဲ့ရုံတင်မက၊ မြန်မာပြည်သူတွေ ငြင်းပယ်ထားတဲ့ စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုတစ်ခု ပေးအပ်ရာရောက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အရပ်သားတွေကို သတ်ဖြတ်ဖို့နဲ့ ကျေးရွာတွေကို ဖျက်ဆီးဖို့အတွက် တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို ပုံမှန်အသုံးပြုနေတာ ဖြစ်ပါတယ်။

Aviation Industry Corporation of China (AVIC) ဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ ရောင်းချပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

စစ်တပ်က အဲဒီတိုက်လေယာဉ်တွေကို သုံးပြီး အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ စစ်သုံးမော်တော်ယာဉ်တွေကို Sinotruk ကုမ္ပဏီက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တရားမဝင် စစ်အုပ်စုဟာ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီတွေနဲ့ စစ်လက်နက်၊ စီးပွားရေးဆိုင်ရာ သဘောတူညီချက်အသစ်တွေ လုပ်ဖို့ ညှိနှိုင်းနေကြပြီး မြန်မာပြည်သူတွေရဲ့ အသက်သွေးချွေးကတစ်ဆင့် အကျိုးအမြတ်တွေ ရယူနေကြတယ်လို့ JFM က ပြောပါတယ်။

ဒါကြောင့် Justice For Myanmar အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေ ပူးပေါင်းပါဝင်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံထဲက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက် အားပေးကူညီနေသူအားလုံးကို တာဝန်ခံမှုရှိရှိ အရေးယူနိုင်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးမှာ ကူညီပံ့ပိုးပေးမယ်လို့ ပေကျင်းမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်
မင်းအောင်လှိုင်ချိန်မှာ တွေ့ဆုံစဉ် ကတိပြုခဲ့ပါတယ်။

Emily

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ တံမြက်စည်းလှည့်ရောင်းတဲ့ အမျိုးသားတစ်ဦး အသတ်ခံရပြီး သုသာန်မှာ အလောင်းဖျောက်မြှုပ်နှံခံရ

ဇွန် ၁၇၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ လမ်းလျှောက်ပြီး တံမြက်စည်းလိုက်ရောင်းတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် သုသာန်မှာ အလောင်းဖျောက်မြှုပ်နှံခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သေဆုံးသူဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ...

ဆက်ဖတ်ရန်