စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ တပ်သား၂ဦး လက်နက်ခဲယမ်းနှင့်အတူ KNLAထံပူပေါင်း

စက်တင်ဘာ ၂၀၊၂၀၂၃

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ဝေါ်လေအခြေစိုက် စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှူး ဝင်းနောင်ထွန်း ဦးဆောင်သော စစ်ကြောင်းမှ စစ်သားနှစ်ဦးသည် စက်တင်ဘာ ၆ ရက်နေ့တွင် KNLA ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ယနေ့စက်တင်ဘာ ၂၀ရက်နေ့တွင် KNU ကသတင်း ထုတ်ပြန်ထားသည်။

အဆိုပါစစ်သား၂ဦးသည် တပ်သား ကိုကိုနိုင်(အသက်၂၀)နှင့် တပ်သား အိုက်လျှန်း(အသက်၂၀) တို့ဖြစ်ပြီး တပ်တွင်းမှ အထက် အရာရှိများ၏ မတရားဖိနှိပ်အုပ်ချုပ်မှုကို မနှစ်သက်တော့သဖြင့် မိမိတို့တပ်မှ ကြိုးစားရုန်းကန် လွတ်လာကြောင်း KNUကရေးသားဖော်ပြထားသည်။

၎င်းတို့၂ဦးအနက် တစ်ဦးက MA-1တစ်လက်၊ ကျည်ဘောက် ၄ခု၊ ၅.၅၆ကပစ ကျည်တောင့် (၂၃၉)တောင့်နှင့် အီကွေးမင့်တစုံ ယူဆောင်လာခဲ့ပြီး တစ်ဦးက ကိုယ်လွတ်ရုန်းထွက်လာသည်ဟု KNUကထုတ်ပြန်ထားသည်။

Zalen ad

အထက်ပါလာရောက်ပူးပေါင်းလာသည့်စစ်သား၂ဦးကို ထိုင်းဘတ်ငွေ (၅၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရပြီးစစ်ကောက်စီလက်အောက်ခံမှ မည်သည့်စစ်သားမဆို ပြည်သူလူထံ လက်နက်ခံယမ်းနှင့်တကွလာရောက်ပူးပါက ကြိုဆိုလျှက်ရှိကြောင်းနှင့်၎င်းတို့၏ရှေ့ဘဝ ရပ်တည်နိုင်ရေး ကူညီထောက်ပံ့မည်ဖြစ်ကြောင်း KNUကရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကလည်း ခြေမြန်တပ်ရင်း(၉)မှ တပ်သားတစ်ဦး 388အမျိုးစားစနိုက်ပါတလက်ယူဆောင်လာပြီး KNUထံပူးပေါင်းလာခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်