စစ်ဘေးသင့် မြန်မာလူထုကို မမေ့ဘဲ လူသားစာနာ အကူအညီတွေပေးဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

နို၀င်ဘာ ၆၊ ၂၀၂၅

Zalen

မြန်မာပြည်တွင်းစစ်ဘေးကြောင့် မြန်မာပြည်သူတွေကို မမေ့ထားကြဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ ၅ ရက်‌မှာ ဗာတီကန် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အခုလိုမိန့်ကြားခဲ့တာပါ။

Zalen ad

လက်နက်ကိုင်ပဋိပက္ခတွေ၊ အတင်းအကျပ်နေရာရွှေ့ပြောင်းခံရတာနဲ့ အခြေခံအရင်းအမြစ် ချို့တဲ့တာတွေကြောင့် ဆက်လက် ဒုက္ခခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

“ကျနော် မြန်မာနိုင်ငံအကြောင်း အထူးစဉ်းစားနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို မမေ့ဖို့နဲ့၊ မစွန့်ပစ်ကြဖို့၊ လိုအပ်တဲ့လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ကြဖို့ တိုက်တွန်းပါတယ်။” လို့ ပုပ်ရဟန်းမင်းကြီး လီယိုက မိန်ကြားခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ နေရာမျိုးစုံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဆင်းရဲဒုက္ခရောက်နေသူတွေအတွက် စိုးရိမ်ကြောင်း ဝတ်ပြုဆုတောင်းပွဲမှာ သူနဲ့အတူပါဝင်ဆုတောင်းပေးကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးလီယိုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးလီယိုက မြန်မာမှာ စစ်ပွဲတွေရပ်တန့်ပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေ ငြိမ်းချမ်းရေးနည်းလမ်းတွေ ရှာနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

Yuki

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်