တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၉ဦး သေဆုံး

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈၉ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

အဲဒီကာလအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ စုစုပေါင်း ၁၂၅ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေး ၁၉ ဦးအပါအဝင် အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ ဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ ဗုံးထိမှန်သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ မြို့ရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော် ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အဖွဲ့ (ISP-Myanmar) က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်