တနင်္သာရီ PDF နဲ့ တိုက်ခိုက်ရာ စစ်ကောင်စီ ၂၀ ယာက်သေဆုံးပြီး လက်နက်ခဲယမ်းများစွာလည်း ဆုံးရှုံး

တနင်္သာရီပြည်သူ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ဆုံးရှုံးသွားခဲ့တယ်လို့ တော်လှန်ရေးတွေဘက်က သတင်းထုတ်ပြန်လာပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သဲဖြူကျေးရွာကို မတ်လ(၂၈)ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သဲဖြူရာ့ ယာယီတပ်စွဲထားခဲ့တာပါ။

အဲဒါကြောင့် တနင်္သာရီ PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တို ဧပြီလ (၁၂)ရက်က တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး အယောက် ၂၀ သေဆုံးကာစစ်ကောင်စီဘက်က အထိနာအရေးနိမ့်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ကြောင်း People Defense Organization-Tanintharyi Division က ပုံနဲ့အကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Zalen ad

အရေးနိမ့်တဲ့စစ်ကောင်စီဟာ သဲဖြူရွာ ခရစ်ယာန်ဘုရားကျောင်း နဲ့ လူနေအိမ်အချို့ကို ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဖော်ပြထားပြီး အခုလိုမိမိတို့နယ်ကို စစ်ကြောင်းထိုးကျူးကျော်လာပါက တန်ပြန်စစ်ဆင်ရေးနဲ့ တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ People Defense Organization-Tanintharyi Division က အသိပေးသွားတာလည်း တွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်