တနင်္သာရီ PDF နဲ့ တိုက်ခိုက်ရာ စစ်ကောင်စီ ၂၀ ယာက်သေဆုံးပြီး လက်နက်ခဲယမ်းများစွာလည်း ဆုံးရှုံး

တနင်္သာရီပြည်သူ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ဆုံးရှုံးသွားခဲ့တယ်လို့ တော်လှန်ရေးတွေဘက်က သတင်းထုတ်ပြန်လာပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သဲဖြူကျေးရွာကို မတ်လ(၂၈)ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သဲဖြူရာ့ ယာယီတပ်စွဲထားခဲ့တာပါ။

အဲဒါကြောင့် တနင်္သာရီ PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တို ဧပြီလ (၁၂)ရက်က တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး အယောက် ၂၀ သေဆုံးကာစစ်ကောင်စီဘက်က အထိနာအရေးနိမ့်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ကြောင်း People Defense Organization-Tanintharyi Division က ပုံနဲ့အကွ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရေးနိမ့်တဲ့စစ်ကောင်စီဟာ သဲဖြူရွာ ခရစ်ယာန်ဘုရားကျောင်း နဲ့ လူနေအိမ်အချို့ကို ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဖော်ပြထားပြီး အခုလိုမိမိတို့နယ်ကို စစ်ကြောင်းထိုးကျူးကျော်လာပါက တန်ပြန်စစ်ဆင်ရေးနဲ့ တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ People Defense Organization-Tanintharyi Division က အသိပေးသွားတာလည်း တွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်