တီးတိန်နဲ့တွန်းဇံကြားရှိ ဇလွေးတံတား ကို စစ်ကောင်စီတပ်က ဖျက်ဆီး

၁၀၊ ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က ဇလွေး ကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ ဒီနေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က တံတားကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” မနက်ပိုင်း ၁၀နာရီလောက်မှာ လက်နက်ကြီး ပစ်သံကြားရတာ။ တံတားကို ဖြတ်သွားဖို့ မလွယ်တော့ဘူး။ တွန်းဇံမှာက လူတွေ မရှိတော့ပေမယ့် သိမ်းထားပြီးပြီဆိုတော့ ဒေသခံတွေက အိမ်တွေကို ပြန်ပြန်ကြည့်ကြတယ်လေ။ အခုတော့ မလွယ်တော့ဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဇလွေးတံတားဟာ တောင်ကျချောင်းကို ဖြတ်ထိုးထားတဲ့ ကွန်ကရစ် တံတားတစ်စင်းဖြစ်ပါတယ်။

မေလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က တီးတိန် – ရိခေါ်ဒါရ် နယ်စပ်မြို့ကိုဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က မံဆောင်း ကြိုးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ သွားလာရေး မလွယ်ကူအောင် တံတားကို ဖျက်ဆီးနေတာလို့ ဒေသခံတွေကပြောပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်