တီးတိန်နဲ့တွန်းဇံကြားရှိ ဇလွေးတံတား ကို စစ်ကောင်စီတပ်က ဖျက်ဆီး

၁၀၊ ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က ဇလွေး ကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ ဒီနေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က တံတားကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

” မနက်ပိုင်း ၁၀နာရီလောက်မှာ လက်နက်ကြီး ပစ်သံကြားရတာ။ တံတားကို ဖြတ်သွားဖို့ မလွယ်တော့ဘူး။ တွန်းဇံမှာက လူတွေ မရှိတော့ပေမယ့် သိမ်းထားပြီးပြီဆိုတော့ ဒေသခံတွေက အိမ်တွေကို ပြန်ပြန်ကြည့်ကြတယ်လေ။ အခုတော့ မလွယ်တော့ဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဇလွေးတံတားဟာ တောင်ကျချောင်းကို ဖြတ်ထိုးထားတဲ့ ကွန်ကရစ် တံတားတစ်စင်းဖြစ်ပါတယ်။

မေလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က တီးတိန် – ရိခေါ်ဒါရ် နယ်စပ်မြို့ကိုဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က မံဆောင်း ကြိုးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ သွားလာရေး မလွယ်ကူအောင် တံတားကို ဖျက်ဆီးနေတာလို့ ဒေသခံတွေကပြောပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်