တီးတိန်မြို့မှာ ဗုံးပေါက်ကွဲလို့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရ

၈၊ မတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မတ်လ ၇ရက်နေ့ နေ့လည်ပိုင်းက စကောလမ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်ကြားမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ဖြစ်ပြီး ရေချိုးနေစဉ် ဗုံးပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

Zalen ad

” အဲဒီ စကောလမ်းနဲ့ မြို့မကြားမှာ ချောင်းရှိတဲ့ အဲဒီချောင်းက ဝါးရုံနားမှာပေါက်တာ။ အဲဒီချောင်းမှာ ရေချိုးနေတဲ့ သားအမိ ဗုံးစမှန်ပြီး အခု ဆေးရုံမှာပဲ၊ ဆေးကုနေရတုန်း။ အမေဖြစ်သူကတော့ ခေါင်းထိသွားတယ်။ ပြီးတော့ အဲဒီနားက နေအိမ်တချို့လည်း ပျက်စီးသွားတယ်။ ” လို့ ဒေသခံတစ်ဦးက Zalenကို ပြောပါတယ်။

အခုပေါက်ကွဲတဲ့ ဗုံးဟာ ဘယ်အဖွဲ့အစည်း ထောင်ထားတဲ့ ဗုံးဆိုတာ မသိရှိရသေးဘူးလို့ ‌ဒေသခံတွေက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာ စကောလမ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို စစ်ဆေးခဲ့သလို လမ်းသွားလမ်းလာ ‌ တွေကိုလည်း စစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်