ဇွန် ၂ ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လိုင်တွီးရွာကနေအိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်ဘက်ကိုသွားရာလမ်းကို လုံခြုံရေးအရ ကန့်သတ်ချက်ဖြင့်သာ ဖွင့်လှစ်ရာကနေ ပုံအမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း CDF-Hualngo က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ လမ်းမကြီးကို လုံခြုံရေးအရလို့ဆိုကာပြီးခဲ့တဲ့ မေလ ၂၁ ရက်ကနေစပြီး မနက်၆ နာရီကနေ ၁၀ နာရီအကြား နဲ့ ညနေ ၅ နာရီမှ ၉ နာရီအကြားသာ သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်အရ အဆိုပါလမ်းမကြီးကို ပုံမှန်လမ်းအသုံးပြုချိန်ဖြစ်တဲ့ မနက် ၆ နာရီကနေ ည ၇ နာရီအတိုင်းပြန်လည်အသုံးပြုနိုင်ပြီလို့သိရပါတယ်။

လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ချက်များအား လေးစားလိုက်နာပေးခဲ့ကြတဲ့ လမ်းအသုံးပြုသူ ပြည်သူ များအပေါ် အထူးကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။
အခုပြန်လည်ဖွင့်လှစ်လိုက်တဲ့ လမ်းမကြီးဟာ ချင်းပြည်နယ်၊ တီးတိန်မြို့ကနေ နယ်စပ် မြို့ ဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ဘက်ကို သွားရာလမ်းဖြစ်ပါတယ်။
သတင်း – Mickey















