တော်လှန်ရေး သုံးနှစ်တာကာလအတွင်းABSDFတပ်ဖွဲ့ဝင် ၂၄ဦးကျဆုံးပြီး၊၅၀ဦးဒဏ်ရာရဟုဆို

▪️ABSDF ၁၂ကြိမ်မြောက်ညီလာခံမှာ လက်ရှိ   ဥက္ကဌရဲဘော်သံခဲကို ဥက္ကဌအဖြစ်ဆက်လက်ရွေးချယ်

၂၀၊နိုဝင်ဘာ၊၂၀၂၃

Zalen

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်သစ် တပ်ဦး(ABSDF)ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ၃နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၈၀ကျော်ဆင်နွဲခဲ့ပြီး ABSDF တပ်ဖွဲ့ဝင် ၂၄ဦးကျဆုံးခဲ့ပြီး၊ရဲဘော် ၅၀ဦးဒဏ်ရာရရှိခဲ့တယ်လို့ ABSDF ၁၂ကြိမ်မြောက်ညီလာခဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zalen ad

ABSDF ကို ၁၉၈၈ နိုဝင်ဘာ ၁ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး၊၂၀၂၁အာဏာသိမ်းချိန်မှာလည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ပြီး တိုက်ပွဲများဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။

ABSDFတပ်ဖွဲ့ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့စစ်ဒေသတွေကနေတစ်ဆင့် စစ်ကောင်စီကိုပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး ယခုအခါ အမှတ်(၁)စစ်ဒေသ အောက်မှာရှိတဲ့ စစ်ဆင်ရေးတွေမှာ အဓိကပါဝင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ABSDF ၁၂ကြိမ်မြောက်ညီလာခံကို နိုဝင်ဘာ ၁ရက်နေ့ကနေ ၁၇ရက်နေထိ အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပြီး ဗဟိုကော်မတီ ၂၁ဦးနဲ့ အရံဗဟိုကော်မတီ ၄ဦးကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။

ဥက္ကဌနေရာကို လက်ရှိဥက္ကဌဖြစ်တဲ့ရဲဘော် သံခဲ ကဆက်လက်ရွေးချယ်ခံရပြီး ယခင်ဒု-ဥက္ကဌရဲဘော် မျိုးဝင်းနေရာကို ရဲဘော် လဆိုင်းကိုရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။

ယခင်ဥက္ကဌဖြစ်တဲ့ မျိုးဝင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ မှာ စစ်ကောင်စီကျင်းပတဲ့ NCA နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့တာကြောင့် ရာထူးကနေရုပ်သိမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

သတင်း – HAK

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်