တနိုင်ငံလုံး SME ပြိုင်ပွဲဝင်ဆုရထုတ်ကုန်ပစ္စည်းပြပွဲတွင် Hornbill Chin Coffee လည်းဝင်ရောက်ပြသ

တနိုင်ငံလုံး အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ပြိုင်ပွဲတွေမှာဆုရထားတဲ့ ထုတ်ကုန်တွေကို ဒီကနေ့ နေပြည်တော်မှာ သုံးရက်ကြာ ပြပွဲကျင်းပနေတယ်။
မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်မှာ (၄)ကြိမ်တိတိကျင်းပခဲ့တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ရဲ့ ဒေသတွင်းထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲတွင် ဆုရရှိထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို စက်မှုဝန်ကြီးဌာန၊ ရုံအမှတ်(၃၀) နေပြည်တော်မှာ သြဂုတ် (၂)ရက်ကနေ (၄)ရက်ထိ သုံးရက်ကြာ ခင်းကျင်းပြသရောင်းချနေပါတယ်။
ဒီပြိုင်ပွဲမှာ မကွေးမြို့မှာပြုလုပ်တဲ့ပြိုင်မှာ ဆုရ Hornbill Chin Coffee လည်း ဝင်ရောက်ပြသထားပါတယ်။

ချင်းလူငယ် စွန့်ဦးတီထွင်သူ ဆလိုင်းမာဟုန်းက “ပြပွဲမှာ ကျနော် ဝင်ရောက်ပြသထားတဲ့ပစ္စည်းတွေကတော့ ကော်ဖီမှုန့်ထုတ်နဲ့ ကော်ဖီဝိုင်ဖြစ်ပါတယ်။ အခုပွဲမှာ ရောင်းလို့ရတယ်။ ဒါပေမဲ့ကြို မသိတော့ ပြဖို့ပဲ ယူလာတယ်။ နောက်ဆုံးရက်မှာတော့ရောင်းမယ်”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့သိမ်း တိုက်ပွဲသတင်းတွေကြောင့် မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာ

ဧပြီ ၃၀၊ ၂၀၂၆Zalen ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့သိမ်း တိုက်ပွဲသတင်းတွေကြောင့် မြို့ခံထက်ဝက်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ တီးတိန်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေကြား မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် မြို့ခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေးတာ မရှိပေမယ့် ...

ဆက်ဖတ်ရန်