တနိုင်ငံလုံး SME ပြိုင်ပွဲဝင်ဆုရထုတ်ကုန်ပစ္စည်းပြပွဲတွင် Hornbill Chin Coffee လည်းဝင်ရောက်ပြသ

တနိုင်ငံလုံး အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ပြိုင်ပွဲတွေမှာဆုရထားတဲ့ ထုတ်ကုန်တွေကို ဒီကနေ့ နေပြည်တော်မှာ သုံးရက်ကြာ ပြပွဲကျင်းပနေတယ်။
မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်မှာ (၄)ကြိမ်တိတိကျင်းပခဲ့တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများ ရဲ့ ဒေသတွင်းထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲတွင် ဆုရရှိထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို စက်မှုဝန်ကြီးဌာန၊ ရုံအမှတ်(၃၀) နေပြည်တော်မှာ သြဂုတ် (၂)ရက်ကနေ (၄)ရက်ထိ သုံးရက်ကြာ ခင်းကျင်းပြသရောင်းချနေပါတယ်။
ဒီပြိုင်ပွဲမှာ မကွေးမြို့မှာပြုလုပ်တဲ့ပြိုင်မှာ ဆုရ Hornbill Chin Coffee လည်း ဝင်ရောက်ပြသထားပါတယ်။

ချင်းလူငယ် စွန့်ဦးတီထွင်သူ ဆလိုင်းမာဟုန်းက “ပြပွဲမှာ ကျနော် ဝင်ရောက်ပြသထားတဲ့ပစ္စည်းတွေကတော့ ကော်ဖီမှုန့်ထုတ်နဲ့ ကော်ဖီဝိုင်ဖြစ်ပါတယ်။ အခုပွဲမှာ ရောင်းလို့ရတယ်။ ဒါပေမဲ့ကြို မသိတော့ ပြဖို့ပဲ ယူလာတယ်။ နောက်ဆုံးရက်မှာတော့ရောင်းမယ်”လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်