ထိုင်းနိုင်ငံတွင် ယာဉ်တိမ်းမှောက်၍ ချင်းအမျိုးသား ၃ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုကလာပြည်နယ်၊ HAT YAI ခရိုင်၊ နာရာထိဝမ်အနီးတွင် မလေးရှားနိုင်ငံသို့သွားမယ့် ယာဉ်တစ်စီး မေလ ပထမပတ်တွင် တိမ်းမှောက်၍ ချင်းအမျိုးသား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိတယ်လို့ Chin Community Bangkok ကဖော်ပြထားပါတယ်။

ယင်းကားပေါ်တွင် မြန်မာနိုင်ငံသား ၁၅ ဦးစီးနင်းလာပြီး ၁၃ ဦးမှာ ချင်းအမျိုးသားတွေ ဖြစ်ကြပါတယ်။

 သေဆုံးသူများဟာ ချင်းတိုင်းရင်းသား မရာအမျိုးသား Pa Se၊ ငပိုင်ပြည် Singaomi, ပလက်ဝမြို့နယ်မှ သူရိန်ထွန်းတို့ဖြစ်ပါတယ်။

ဒဏ်ရာရသူစုစုပေါင်း(၅)ဦးရှိပြီး ၎င်းတို့ကို နာရာထိဝမ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိပြီး ဒဏ်ရာမရတဲ့ ကျန်(၇)ဦးကို အချုပ်ထဲတွင် ချုပ်ထားလျှက်ရှိကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်