ထိုင်းနိုင်ငံမှာကားမှောက်ပြီးသေဆုံးတဲ့ ချင်းအမျိုးသား၃ ဦးအလောင်းကို မဲဆောက်မြို့မှာ ယနေ့ သဂြိုလ်

မလေးရှားသို့ တရားမဝင်ဖြင့်သွားနေစဉ် ထိုင်းနိုင်ငံမှာ သြဂုတ် ၁၇ ရက် ကားတိမ်းမှောက်ပြီး ချင်းအမျိုးသား ၃ ဦးနဲ့ ရခိုင်အမျိုးသား ၁ ဦးသေဆုံးတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ရုပ်အလောင်းကို မြန်မာပြည်သို့ပြန်သယ်ဆောင်လို့မရတာကြောင့် မြန်မာနဲ့အနီးဆုံး မဲဆောက်မြို့က မဲ့ကဆာ ခရစ်ယာန်င်္သချိုင်းမှာ မင်္ဂလာခရစ်ယာန်အသင်းတော်က တာဝန်ယူပြီး ယနေ့သြဂုတ် ၂၈ ရက် ထိုင်းစံတော်ချိန် ၂ နာရီတွင်မြေမြုပ်သဂြိုလ်ကြပါတယ်။

သေဆုံးသူတွေဟာ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်က တစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ဖခင် Pa Hu Lian (၂၆ နှစ်)၊ ကလေးမြို့နယ် သံဖိုရွာသား ကလေး နှစ်ယောက်ရဲ့ဖခင် ဦး Za Nei Khup (၃၀နှစ်) နဲ့ ရန်ကုန်က ကိုကျော်လင်းနိုင် (၂၇နှစ်)တို့ဖြစ်ပါတယ်။ ရခိုင်အမျိုးသားရဲ့အလောင်းကတော့ ဗုဒ္ဓဘာသာထုံးစံအတိုင်း မီးရှို့သဂြိုလ်ကြမယ်လို့သိရတယ်။

၎င်းတို့နဲ့အတူ ကားတစ်စီးပေါ်မှာ လူ ၃၃ ယောက်လိုက်ပါလာပြီး သစ်ပင်တိုက်မိရာမှကားတိမ်းမှောက်ကာ နေရာမှာ ၃ ဦးပွဲချင်းသေဆုံးပြီးဆေးရုံမှာ တစ်ဦးထပ်မံသေဆုံးတယ်လို့သိရတယ်။ ဒဏ်ရာသက်သာတဲ့သူတွေကတော့ အကုန်လုံးထွက်ပြေးကြတယ်လို့လည်းသိရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်