ပလက်ဝမြို့နယ် စစ်ဘေးသင့်ပြည်သူများ နှစ်ဖက်စစ်တပ်ရဲ့မကောင်းကြောင်းမပြောရန်မှာကြားဟုဆို

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူများအပေါ် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင် AA တို့၏ ဖိနှိပ်မှုများကို ဖွင့်ဟပြောဆိုခြင်းမပြုရန် အုပ်ချုပ်ရေးပိုင်းက စစ်ဘေးရှောင်များကို သတိပေးမှာကြားခဲ့ကြောင်း သိရသည်။

ဒီကိစ္စနဲ့ပက်သတ်ပြီး အသက် (၅၅) နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူတစ်ဦးမှ အခုလိုပြောကြားသည်။

“စစ်တပ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းက ကျနော်တို့ကိုမှာထားတယ်။ ကျနော်တို့နယ်မြေမှာ တိုက်ပွဲဖြစ်လို့ ဗမာစစ်တပ်တွေက ကာကွယ်ပေးတယ်။ အဲဒါကြောင့်သူတို့မကောင်းကြောင်းကိုတော့ လုံးဝဖော်မထုတ်နဲ့လို့ အုပ်ချုပ်ရေးဖက်လူကြီးတွေက ကျနော်တို့ကိုမှာထားတယ်။ AA ဖက်ကလည်း ကျနော်တို့ ရွာမှာနေတုန်းက ခန်းမဆောင်ထဲမှာ ခေါ်ပြီးတော့ ခင်ဗျားတို့ စစ်တပ်ကိုလမ်းပြအဖြစ်မသွားပါနဲ့။ လမ်းပြသွားလို့ရှိရင် ကျည်ဆံတော့ ကောက်မှာမဟုပ်ဘူး၊ ခင်ဗျားတို့ကိုထိခိုက်နိုင်တယ်။ ပြီးတော့ ဗမာစစ်တပ်ကို လှေနဲ့မပို့နဲ့။   လှေမောင်းတဲ့လူနဲရှေ့ကလူနှစ်ယောက်ကိုပစ်မှာလို့ AA တပ်ရင်းမှူးတွေက ကျနော်တို့ကို မှာထားတယ်” လို့ပြောပါတယ်။

Zalen ad

ပလက်ဝမြို့နယ်မှာ နှစ်ဖက်စစ်တပ်က ရွာထဲရှိ အိမ်မွေးတိရိစ္ဆာန်နဲ့ ဆန်တွေကို ကာလတန်ဖိုးတစ်ဝက်သာပေးပြီး ယူဆောင်မှုတွေရှိကြောင်း၊ AA ဘက်မှ ရွာသားတွေကိုဖမ်းဆီးကာ ဖုန်းတွေလုယူပြီး၊ ခြိမ်းခြောက်မှုတွေရှိကြောင်း ဒေသခံတွေထံမှသတင်းရရှိပါသည်။

စစ်ဘေးရှောင်ပြည်သူများအပေါ် နှစ်ဖက်တပ်ရဲ့ ဖိနှိပ်မှုများ မဖွင့်ဟရန်မှာကြားခြင်း ရှိမရှိ မီးဇာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဟွေ့လောကို မေးမြန်းရာ “ကျနော်တို့ အုပ်ချုပ်ရေးဖက်ကတော့ အခုလိုမှာကြားတာမျိုးမလုပ်ဘူး” လို့ဖြေကြားပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်