ဖလမ်းလေယာဉ်ကွင်းအတွက် ကျပ်(၅)ဘီလျံကျော်ထပ်မံချပေး

ဆုရ်ဘုန်တောင်ပေါ်မှာတည်ဆောက်ထားတဲ့ ဖလမ်းလေယာဉ်ကွင်းတည်ဆောက်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်းပေါင်း (၅၅,၂၅၀)ထပ်မံချထားကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံစာရင်းအရသိရတယ်။

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်ရန် ငွေကျပ် ၂၅ ဘီလီယံ အသုံးပြုရန် လျာထားပြီး လက်ရှိတွင် ငွေကျပ် သန်းပေါင်း ၂၉ဝဝ အထိ အသုံးပြုထားပြီးပါပြီ။

ယင်းလေယာဉ်ကွင်း တည်ဆောက်မှုတွင် လေကြောင်းပြေးလမ်း အရှည်ပေ ၆ဝဝဝ၊ အကျယ်အားဖြင့် ပေ ၁ဝဝ ကျယ်ဝန်းကြောင်း၊ လေယာဉ်ပြေးလမ်း တစ်ဖက် တစ်ချက်စီသည် ပေ ၅ဝဝ ကျယ်ဝန်းပြီး တည်ဆောက်မှု ပြီးစီးပါက ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝ ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်မယ်လို့သိရပါတယ်။

ဖလမ်းလေယာဉ်ကွင်းဟာ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးမှာဖြစ်ပြီး အခုချိန်မှာ ရာခိုင်နှုန်း (၄၀)ခန့်ပြီးစီးနေပြီလို့သိရပါတယ်။

 

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်