ဖလမ်းမြို့နယ် နေရာနှစ်နေရာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိ

ဒီဇင်ဘာ ၂၈၊၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဇာထီရ်ရွာ (Zathlir)ဟောင်းကျေးရွာ နဲ့ Muleng သစ်တောဝိုင်းနေရာ ကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်ပျက်စီးမှုရှိတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ညနေ ၁ နာရီခွဲ၀န်းကျင်မှာ နှစ်ကြိမ် ၊  ၃ နာရီခွဲ၀န်းကျင်မှာ တစ်ကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ CNDF ပြောရေးဆိုခွင့် ရှိသူ  Salai Timmy Htut က ” ဇာထီရ်ရွာပေါ်မှာ နှစ်ကြိမ်ပစ်ပါတယ်။ပထမတစ်လုံးကမပေါက် ဘူး။ ဒုတိယတစ်လုံးက ပေါက်တယ်။ အိမ်တစ်လုံးကတော့ ကောင်းကောင်းပျက်စီးတယ်။တစ်ခြားကတော့ ပြတင်းပေါက်ပျက်စီးတာတွေရှိတယ်” လို့ Zalen  ကိုပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဇာထီရ်ရွာဟောင်းရှိ ဒေသခံပြည်သူတွေထိခိုက်တာမျိုးတော့ မရှိဘူးလို့ သူကရှင်းပြပါတယ်။

ဆက်လက်ပြီး ဖလမ်းမြို့နယ်အတွင်း ရှိ Muleng သစ်တော ကြိုးဝိုင်းအတွင်းကိုလည်း ညနေ ၃ နာရီခွဲ၀န်းကျင်မှာ လေ ကြောင်းကနေ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲတယ်လို့ ပြောပါတယ်။

” အဓိကတော့ စစ်ကြောင်းနှစ်ကြောင်းထိုးတဲ့ဟာလမ်းဖောက်တဲ့ပုံစံမျိုးနဲ့ပစ်တယ်လို့ယူဆပါတယ်”လို့ လေကြောင်းပစ်ခတ်မှုနဲ့ပတ်သက် လို့ သူက ထပ်ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီစစ်ကြောင်းကစစ်ကြောင်းနှစ်ခုထဲမှာ  စစ်ကြောင်းတစ် ကြောင်းက Khuangli ကျေးရွာ၀န်းကျင် ရောက်ရှိလာပြီး စစ်ကြောင်းတစ်ကြောင်းကတော့ Sumhrang ရွာနားတစ်ဝိုက် ရောက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ဖလမ်းမြို့ထဲကို၀င်ရောက်နိုင်ဖို့ ကြိုးစားနေသလို တော်လှန် ရေးတပ်ဖွဲ့တွေဘက်ကလည်း ‌ဖလမ်းမြို့ ပြန်မကျ‌ စေဖို့အပြင်းအထန် ကာကွယ်နေကြတယ်လို့ဆိုပါတယ်။

သတင်း – ညီစေ

ဓာတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်