မင်တပ်မြို့နယ်တွင် စစ်ကောင်စီကအ‌ကြောင်းမဲ့လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်

၄ ၊ စက်တင်ဘာ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ် အတွင်းရှိ မင်းတပ်- မတူပီ လမ်းမကြီး ၆မိုင်ကုန်းနဲ့အနီးတစ်ဝိုက်ကို ဒီကနေ့မနက် ပိုင်း၁၀နာရီ၀န်းကျင် ခန့်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

စစ်ကောင်စီက ၆မိုင်ကုန်းနဲ့အနီးတစ်ဝိုက်နေရာတွေကို ပေါင် ၅၀၀ ဗုံးသီး ၇လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့သိရပြီး ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အသေးစိတ်မသိရှိရသေးပါ။

“မင်းတပ်အနောက်ခြမ်းခြောက်မိုင်ကုန်းရယ်၊အဲဒီအနီးတစ်၀ိုက်ကိုကြဲတာဗျ၊နှစ်ကြိမ်လာကြဲသွားတာဗျ၊ပထမတစ်ခါက နှစ်လုံး၊ဒုတိယ က၅လုံးကြဲသွားတယ်၊ဖုန်းလိုင်းတွေကမရဘူး၊ ထိခိုက်မှု တွေအသေး စိတ်ကိုတော့ မသိရဘူး”လို့ Zalen ကိုပြောပါတယ်။

စက်တင်ဘာလ ၃ ရက် နေ့မှာလည်း မင်းတပ်မြို့ပေါ်တွင်တပ်စွဲထားကြတဲ့ ခလရ ၂၇၄ တပ်ရင်းထဲကို စစ်ကောင်စီ ကင်းထောက်၊တိုက်ခိုက်လေယာဉ် Y-12 ဖြင့် ရိက္ခာတွေချပေးပြီး၊မင်းတပ်မြို့နယ်အတွင်ကင်း ထောက်ယာဉ်အဆက်မပြတ်ပျံဝဲနေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ပြီူခဲ့တဲ့ ဩဂုတ်လ အတွင်းမင်းတပ်မြို့နယ်တွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်းပြုလုပ်ခဲ့ရာ စာသင်ကျောင်း၊လူနေအိမ်၊ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်