မင်းတပ်မြို့တွင် ဆေးရုံ၊ ကျောင်း၊ရုံးများပိတ်ဖို့၊ စစ်ကောင်စီက အရေးပေါ် ဖုန်းဆက် တားမြစ်လို့ဆို

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ ဩဂုတ် ၂၁ ရက် ညနေပိုင်း၌ တိုက်ပွဲစတင်ခဲ့ပြီး ညပိုင်းအချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေတယ်လို့ မင်းတပ်မြို့နယ် ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မင်းတပ်မြို့ ရှိ စစ်ကောင်စီ အုပ်စုကနေ တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစလို့ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာများဖြစ်တဲ့ဆေးရုံတံခါးများပိတ်ထားရန်၊ ကျောင်းများပိတ်ကြရန်၊ ရုံးသွားရုံးလာများ မပြုလုပ်ကြရန် အရေးပေါ်ဖုန်းဆက်သတိပေး တားမြစ်တယ်လို့ ကြားသိရကြောင်း ဒေသခံ သတင်းရင်းမြစ်က ၄င်းရဲ့ Facebook မှ တဆင့်လည်း အသိပေး ရေးသားခဲ့ပါတယ်။

“ အကြောင်းတစ်ခုခု ထူးခြားလို့ဖြစ်မယ်ထင်ပါတယ်၊မြို့ပေါ်ကအမျိုးများ ဂရုစိုက်သွားလာကြပါ ။ အိမ်မှာနေလည်း သတိနဲ့နားစွန့်နေကြပါဗျ။ တစ်ခုခုကြံစည်နေတာ လည်းဖြစ်နိုင်ပါတယ်။အသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်ကြေငြာကြပါလိမ့်မယ်” လို့ ရေးသားဖော်ပြထားတာပါ။

ဩဂုတ် ၂၁ ရက်နေ့ ညနေမှ ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်သံများ မြို့ထဲမှာ ကြားနေရပြီး မင်းတပ်မြို့နယ် ရှိ ကျေးရွာ တစ်ရွာဘက်သို့ စစ်ကောင်စီ ခလရ(၂၇၄) တပ်ရင်းမှလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေများ မသိရသေးဘဲ မင်းတပ်မြို့ပေါ်နဲ့ မြို့အနီးတဝိုက်မှာတော့ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) များ စိုးမိုးလှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်မှုတွေတော့ ပြုလုပ်နေပါတယ်။

မင်းတပ် CDF အနေနဲ့ကလည်း မဟာမိတ်များ၊ ဒေသခံ ကာကွယ်ရေးတပ်များနဲ့ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်လေ့ရှိသလို အဲ့ဒီ စစ်ရေးအခြေအနေများနဲ့ပတ်သက်ပြီး မေးမြန်းဖို့ကိုတော့ အခုလောလောဆယ် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ထံ အဆက်အသွယ်မရသေးပါဘူး။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်