မင်းတပ်မြို့နယ်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်

၁၈ ၊စက်တင်ဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းတိုက်နယ်အမှတ် ၁ ရှိ၊မိုင် ၄၀ ကျေးရွာ အနီးအနားကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီ ခွဲ၀န်းကျင်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ဗုံကြဲလေယာဉ်နှစ်စီးဖြင့် ပေါင် ၅၀၀ဗုံးသီး၃ လုံးအပြင် ဗုံးအသေးစားတွေကိုလည်း ကြဲချခဲ့တာကြောင့် အထိအခိုက်၊အပျက်အစီး များရှိနိုင်ပြီးအသေးစိတ်မသိရသေးဘူလို့သိရပါတယ်။

Zalen ad

‌စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ နေရာဟာ မိုင်လေးဆယ်ကျေးရွာနဲ့နီးသလို ဒေသခံများ တောင်ယာလုပ်တဲ့ နေရာတွေနဲ့လည်းနီးတယ်လို့ဒေသခံတွေထံကသိရပါတယ်။

“ကျွန်တော်တို့ရွာအနောက်ဘက်ကျတယ်။ လေ‌ယာဉ်လာလို့အကုန်ပြေးကြတယ်။ ပထမတစ်ခေါက်က တစ်လုံး၊ဒုတိယတစ်ခေါက်က ၂လုံးကြဲတာ။ အသေးတွေလည်းကြားရတယ်။ အသံကြားတာမိုင်လေးဆယ်အနီးအနားပဲ၊ အသေးစိတ်မသိရသေးဘူး၊အဲဒီနားတွေမှာကတောင်ယာတွေလည်းရှိတယ်” လို့ Zalen ကိုပြောပါတယ်။

ယခုလ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဟာအကြိမ်ရေ၂၀ ခန့်ရှိနေပြီး အရပ်သား ပြည်သူ နှစ်ဦးထိခိုက်ဒဏ်ရာရသလိုလူနေအိမ်များ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်