မတူပီမြို့တွင် ထွေအုပ်ကပြုလုပ်မည့် ခရစ္စမတ်ပွဲအတွက် တရားဟောဆရာများကို လိုက်လံဖိတ်ကြား

ချင်းပြည်နယ်၊ မတူပီမြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထွေအုပ်ရုံးက မြို့ပေါ်ရှိ တရားဟောဆရာတစ်ချို့ကို ခေါ်ပြီး အစည်းအဝေးလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုအစည်းအဝေးတွင် ထွေအုပ်ကေ ဦးစီးဦးဆောင်မည့် ခရစ္စမတ်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသောကြောင့် မတူပီမြို့ပေါ်ရှိ တရားဟောဆရာများနှင့် ဘာသာရေးခေါင်ဆောင်းများအားလုံး တက်ရောက်ပေးစေလိုသောကြောင့် တက်ရောက်ပေးနိုင်ခြင်း မရှိ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

မနေ့က အစည်းအဝေးအပြီး ထိုအစည်းအဝေးကို တက်ရောက်ခဲ့သော တရားဟောဆရာများက အခြားတရာဟောဆရာများကို ထွေအုပ်ရုံးတွင် ဆွေးနွေးထားသည့်အတိုင်း ထပ်ဆင့်ဖိတ်ကြားခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ မတူပီမြို့ပေါ်က တရားဟောဆရာတစ်ဦးကတော့ စစ်ကောင်စီလက်အောက်ရှိ ထွေအုပ်ရုံးက ပြုလုပ်မည့် ခရစ္စမတ်ပွဲကို တက်နိုင်ခြေနည်းကြောင်း ဆိုပါတယ်။

ခုလို ထွေအုပ်ရုံးက ခရစ္စမတ်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းဟာ အရင်နှစ်တွေက လုပ်လေ့မရှိသော်လည်း မတူပီမြို့အတွင်း အေးချမ်းနေပြီဖြစ်ကြောင်း ဝါဒဖြန့်လိုသောကြောင့် ခရစ္စမတ်ပွဲကျင်ပရန် စီစဉ်နေခြင်းဖြစ်သောကြောင့် မှန်ကန်သော စိတ်ထားမရှိသော ဒီပွဲကို တက်ရောက်ပါကလည်း အကုသိုလ်သာ ပိုများလိမ့်မည်ဟုလည်း တရာဟောဆရာတစ်ဦးက မှတ်ချက်ချပါတယ်။

Zalen ad

မနေ့ကအစည်းအဝေးတွင် တရားဟောဆရာများက သူတို့နဲ့ အခြားသော တရားဟောဆရာများဟာ ထိုပွဲကို တက်ရောက်နိုင်မည် မတက်ရောက်နိုင်မည် အဖြေမပေးနိုင်သေးကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်